မေတ္တာလက်ဆောင် ချက်လက်မှတ်
Personal Banking > Other Services
မေတ္တာလက်ဆောင် ချက်လက်မှတ်
Personal Banking > Other Services
မေတ္တာလက်ဆောင် ချက်လက်မှတ်အကြောင်း
ရိုးမဘဏ်၏ မေတ္တာလက်ဆောင် ချက်လက်မှတ်သည် မင်္ဂလာလက်ဖွဲ့၊ မွေးနေ့လက်ဆောင်နှင့် အခြားအထိမ်းအမှတ်လက်ဆောင်အမျိုးမျိုးကို ငွေသားကိုင်ဆောင်စရာမလိုဘဲ လှပသေသပ်သော ဒီဇိုင်းများဖြင့် ပိုမိုလုံခြုံစိတ်ချစွာ လက်ဆောင်ပေးနိုင်သည့် ချက်လက်မှတ် အမျိုးအစားဖြစ်ပါသည်။
မေတ္တာလက်ဆောင် ချက်လက်မှတ်ကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အားသာချက်များ


လုံခြုံစိတ်ချရမှု
ငွေသားကိုင်ဆောင်ခြင်းထက် ပိုမိုလုံခြုံခြင်း။
အဆင်ပြေလွယ်ကူမှု
မိမိပေးချင်သော ငွေပမာဏကို ငွေသားကိုင်ဆောင်စရာ
မလိုဘဲ လွယ်ကူတင့်တယ်စွာ ပေးနိုင်ခြင်း။

သေသပ်လှပသော လက်ဆောင်စာအိတ်
အခါသမယနှင့် လိုက်ဖက်မည့် ခေတ်မီလှပသော
ဒီဇိုင်းစာအိတ်ကို ရွေးချယ်နိုင်ခြင်း။
မေတ္တာလက်ဆောင်ချက်လက်မှတ်
ဝယ်ယူရန်
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။

မေတ္တာလက်ဆောင် ချက်လက်မှတ်အတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

- ဝယ်ယူရရှိနိုင်သောနေရာ – ရိုးမဘဏ် ဘဏ်ခွဲများ (မြန်မာတစ်နိုင်ငံလုံးရှိ)
- ဝယ်ယူနိုင်သော ပမာဏ – အနည်းဆုံး ငွေကျပ် ၃၀,၀၀၀ ကျပ် မှ အများဆုံး ငွေကျပ် ၁,၀၀၀,၀၀၀ ကျပ် အထိ
- သက်တမ်း – ၆ လ (ရိုးမဘဏ် ဘဏ်ခွဲများတွင် သက်တမ်းတိုးနိုင်ပါသည်)
- ဝန်ဆောင်ခ – ချက်လက်မှတ်တစ်စောင်လျှင် ၅၀၀ ကျပ်
- နယ်ကျော်ဝန်ဆောင်ခ – ထုတ်ပေးသည့် ဘဏ်ခွဲနှင့် ငွေထုတ်ယူသည့် ဘဏ်ခွဲတို့သည် တိုင်းနှင့်ပြည်နယ် မတူညီပါက အွန်လိုင်းဝန်ဆောင်ခ ၅၀၀ ကျပ် ထပ်မံကျသင့်မည်ဖြစ်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Fees & Charges
အောက်ပါလင့်ခ်တွင် ပါရှိသော အချက်အလက်များသည် ရိုးမဘဏ်လီမိတက်မှ ပေးအပ်သော ဝန်ဆောင်မှု အမျိုးမျိုးအတွက် အခကြေးငွေများနှင့် ပတ်သက်၍ သုံးစွဲသူ၏ ရည်ညွှန်းချက် ဖြစ်သည်။

ပြည်တွင်းငွေလွှဲဝန်ဆောင်မှု




BizSpace Portal
Payroll Portal
Supply Chain Financing