Solar Financing
Personal Banking > Loans
Solar Financing
Personal Banking > Loans
Solar Financing အကြောင်း
မိမိအိမ်နှင့် လုပ်ငန်းများတွင် စွမ်းအင် လိုအပ်ချက်ကို စိတ်အေးချမ်းသာစွာဖြင့် ရေရှည် ဖြည့်ဆည်းနိုင်ရေးသည် လူကြီးမင်းတို့၏ လူမှုစီးပွား တိုးတက်မှုအတွက် အဓိက သော့ချက်ဖြစ်ပါသည်။ စရိတ်သက်သာသည့် စွမ်းအင်ကို လူတိုင်း လက်လှမ်းမီနိုင်စေရန် ရိုးမဘဏ်မှ Solar Financing ဝန်ဆောင်မှုကို ဆောင်ရွက်ပေးထားပါသည်။ ကနဦး စိုက်ထုတ်ရမည့် ကုန်ကျစရိတ်များအတွက် ပူပန်ရန်မလိုဘဲ Solar စနစ်တွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်ပြီး မိမိအိမ်ထောင်စုနှင့် လုပ်ငန်းများ၏ စွမ်းအင်လိုအပ်ချက်ကို ရေရှည် ခိုင်မာစွာ ဖြေရှင်းလိုက်ပါ။
ရိုးမဘဏ် Solar Financing ကို ဘာလို့ရွေးချယ်သင့်လဲ

အဆင်ပြေသော အရစ်ကျစနစ်
လွယ်ကူသော လုပ်ငန်းစဉ်
စိတ်ကြိုက်ရွေးချယ်နိုင်သော ဆိုလာ ပက်ကေ့ချ်များ
အဆင်ပြေသောချေးငွေကာလများ
လျှပ်စစ်မီတာခ သက်သာခြင်း
ချေးငွေလျှောက်ထားရန်
တစ်ဦးချင်း လျှောက်ထားသူများအတွက်
- မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
- အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ
- နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အာမခံပေးမည့်သူ တစ်ဦးနှင့် အဆိုပါပုဂ္ဂိုလ်၏ အထက်ပါ အလားတူအထောက်အထားများ
- ဝင်ငွေရရှိမှု အထောက်အထား စာရွက်စာတမ်းများ (အလုပ်ကိုင် အတည်ပြုချက်နှင့် ဝင်ငွေရရှိသည့် အထောက်အထား)

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ
Solar Financing အတွက်

| ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ | |
| ချေးငွေ အမျိုးအစား | Hire Purchase အမျိုးအစား |
| ကနဦးပေးသွင်းငွေ* | အနည်းဆုံး ၃၀% မှ ၅၀% |
| အတိုးနှုန်း* | ၁နှစ်လျှင် ၁၃% (သို့) ၁၅% |
| ချေးငွေလျှောက်ထားမှု ဝန်ဆောင်ခ | ချေးငွေပမာဏ၏ ၁% |
| ချေးငွေသက်တမ်း | (၁) နှစ်မှ (၃) နှစ်အထိ |
| အမြင့်ဆုံးထုတ်ချေးနိုင်မည့် ပမာဏ/td> | ငွေကျပ် သိန်း ၁,၀၀၀ အထိ (အာမခံပစ္စည်းမပါရှိပါက) ငွေကျပ် သိန်း ၂,၀၀၀ အထိ (အာမခံပစ္စည်းဖြင့်) |
| အသုံးပြုနိုင်မည့်ကဏ္ဍများ | နေအိမ် / စီးပွားရေးလုပ်ငန်း / စိုက်ပျိုးရေး |
* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
Solar + Battery + Inverter စနစ် သုံမျိုးလုံးဖြင့် ချေးငွေရယူမည်ဆိုပါက insurance ထားရှိရမည်ဖြစ်သည်။
| No. | Showroom Name | Contact Details |
| ၁။ | Galactic Royal Rays | အမှတ်(၂၉/ခ), မေတ္တာလမ်း၊ (၁၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉၂၅၀၀၆၅၅၁၂၊ ၀၉၇၄၀၉၇၈၂၂၃၊ ၀၉၉၅၄၂၃၀၄၈၄ |
Solar Financing နှင့်ပက်သက်၍
မေးလေ့မေးထရှိသောမေးခွန်းများ

ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး လစဉ်ပုံမှန်ဝင်ငွေရှိသူများ လျှောက်ထားလို့ရပါတယ်။
- Personal Banking (လူပုဂ္ဂိုလ်များ): ပုံမှန် လစဉ်ဝင်ငွေရှိသော ကုမ္ပဏီ/ဌာနဆိုင်ရာ ဝန်ထမ်းများ သို့မဟုတ် ကိုယ်ပိုင်ဝင်ငွေရှိသူများ။
- Business / SME Banking (စီးပွားရေးလုပ်ငန်းများ): စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်၊ စတိုးဆိုင်၊ ဆေးရုံ၊ ကျောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစားအားလုံးမှ လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည်။
အောက်ဖော်ပြပါ Brand အမျိုးအစားများက်ုသာ Hire Purchase အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ Hire Purchase စနစ်ဖြင့် ဝယ်ယူနိုင်မည့် Solar နှင့် ဆက်စပ်ပစ္စည်းအမျိုးအမည်များ
- Solar Panel Brands: Jinko, Longi, Huasan, JA, Trina, TW solar, Qcells
- Battery & Inverter Brands: Deye, SMA, Solis, Growatt, Mitsu, MUST, Sigenergy, SRNE, SANDISOLAR, HWAWEI, DAPA Power, Goodwe, Felicity, Opti-solar, Lux Power, Dyness, LV Topsun, Shark Topsun, Eenovence, Suness
ဆိုလာပြားအပြင် Battery၊ Inverter ကဲ့သို့ ဆက်စပ်ပစ္စည်း စသည့် စနစ် သုံမျိုးလုံးဖြင့် ချေးငွေရယူမည်ဆိုပါက insurance ထားရှိရမည် ဖြစ်သည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Car Loan

Hire Purchase




BizSpace Portal
Payroll Portal
Supply Chain Financing