Flexi Everyday စာရင်းရှင်စာရင်း

Personal Banking > အပ်ငွေစာရင်းများ

Flexi Everyday စာရင်းရှင်စာရင်း

Personal Banking > အပ်ငွေစာရင်းများ

Flexi Everyday စာရင်းရှင်စာရင်း အကြောင်း

မိမိစိတ်ကြိုက် ငွေကြေးစီမံခန့်ခွဲပြီးမိမိလုပ်ငန်းနှင့် လူနေမှုဘဝကို မြှင့်တင်လိုက်ပါ။

ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ဆိုင်ပိုင်ရှင်များ၊ ဝန်ထမ်းများ၊ လူငယ်များနှင့် ကျောင်းသား/သူများအတွက် သင့်တော်ပါသည်။

Flexi Everyday စာရင်းရှင်စာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။

အကျိုးခံစားခွင့်များ

title-border

ရိုးမဘဏ်ချက်လက်မှတ် အသုံးပြုနိုင်ခြင်း

ရိုးမဘဏ်မှထုတ်ဝေသော ချက်လက်မှတ်စာအုပ်ကို အသုံးပြုနိုင်ပါသည်။

MPU နှင့် MPU-Mastercard Debit Card

ရိုးမဘဏ်၏ Debit Card များအသုံးပြုပြီး ကမ္ဘာအနှံ့တွင် ငွေသားအသုံးမပြုပဲ စျေးဝယ်နိုင်ပါသည်။

အွန်လိုင်းမှ အကောင့်ဖွင့်နိုင်ခြင်း

ဘဏ်ခွဲသို့သွားစရာမလိုပဲ Yoma Bank Next Mobile Application မှတစ်ဆင့် လွယ်ကူစွာ အကောင့်ဖွင့်လှစ်နိုင်ပါသည်။

အခမဲ့ ငွေလွှဲနိုင်ခြင်း

Yoma Bank Next Mobile Application တွင် Flexi Everyday စာရင်းရှင်စာရင်းအကောင့်ကိုအသုံးပြုပြီး အကောင့်အချင်းချင်း အခမဲ့ငွေလွှဲနိုင်ပါသည်။

WaveMoney Wallet နှင့် ချိတ်ဆက်နိုင်ခြင်း

WavePay App သို့ လွယ်ကူစွာငွေလွှဲပြီး ရိုးမဘဏ်နှင့် WaveMoney တို့ပေးအပ်သော အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။

အကောင့်ဖွင့်ရန်

  • ကနဦးအပ်နှံငွေပမာဏ သတ်မှတ်မထားပါ။
  • အနည်းဆုံး လက်ကျန်ငွေပမာဏ သတ်မှတ်မထားပါ။
  • အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
  • နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။

 

အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ

  • တစ်ဦးချင်းအကောင့်
  • ပူးတွဲအကောင့်
requirement

Flexi Everyday စာရင်းရှင်စာရင်းအတွက်

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

title-border

  • ဝန်ဆောင်ခ – ၁,၅၀၀ ကျပ်
    (ဘဏ်စာရင်းဖွင့်လှစ်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံပါသည်။)

လူကြီးမင်း၏ Flexi Everyday MPU Debit Card နှင့် ရနိုင်သည့် ပရိုမိုးရှင်းများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။ Disclaimer: Terms and Conditions apply.

Flexi Everyday စာရင်းရှင်စာရင်းအကြောင်း

မေးလေ့ရှိသော မေးခွန်းများ

title-border

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး ချက်လက်မှတ်စာအုပ်အသစ်ပြုယူရန် အကူအညီရယူနိုင်ပါသည်။

Debit Card ပျောက်သွားပါက ရိုးမဘဏ်၏ Customer Service Hotline သို့ခေါ်ဆိုပြီး လူကြီးမင်း၏အကောင့်လုံခြုံရေးအတွက် ဆက်သွယ်ရပါမည်။ ထို့နောက် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး Debit ကတ်အသစ်ပြုလုပ်ရန် အကူအညီရယူနိုင်ပါသည်။

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး Flexi Everyday အကောင့်ဖွင့်ရန်နှင့် Mastercard Debit ကတ်ထုတ်ယူရန် အကူအညီရယူနိုင်ပါသည်။

Flexi Everyday စာရင်းရှင်စာရင်းသည် စာရင်းရှင်စာရင်းကို အဆင့်မြှင့်ထားသောအကောင့်ဖြစ်ပြီး လက်လီနှင့်လုပ်ငန်းသုံးအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးရန် ရည်ရွယ်ပါသည်။

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ