ရိုးမဘဏ်အိမ်ရာချေးငွေ

Personal Banking > ချေးငွေများ

ရိုးမဘဏ်အိမ်ရာချေးငွေ

Personal Banking > ချေးငွေများ

ရိုးမဘဏ်အိမ်ရာချေးငွေ အကြောင်း

ရိုးမဘဏ် အိမ်ရာချေးငွေဖြင့်ဆိုလျှင် လူကြီးမင်းစိတ်ကြိုက်အိမ်ဝယ်ယူရန်မှာ သော့တစ်ချောင်းလှည့်ရုံလောက်အထိပင် လွယ်ကူပါသည်။ အနီးစပ်ဆုံး ရိုးမဘဏ်ခွဲသို့ သွားရောက်ပြီး ရိုးမဘဏ် ငွေရေးကြေးရေး ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အိမ်ရာချေးငွေလျှောက်ထားမှုကို စတင်လိုက်ပါ။

ရိုးမဘဏ်အိမ်ရာချေးငွေ ကို ဘာလို့ရွေးချယ်သင့်လဲ?

အားသာချက်များ

title-border

လွယ်ကူစွာလျှောက်ထားနိုင်ခြင်း

အနည်းဆုံး ကနဦးပေးချေငွေ

အဆင်ပြေသောချေးငွေကာလများ

Note

အများဆုံးချေးငွေသက်တမ်းများမှာ အိမ်ရာအမျိုးအစားအပေါ်တွင် မူတည်ပြီးကွဲပြားပါမည်။ *

အိမ်ရာချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ

  • မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
  • နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
  • အလုပ်အကိုင် (သို့) လုပ်ငန်း နှင့်ပတ်သက်သည့်အထောက်အထား
  • ဝင်ငွေရရှိသည့်အထောက်အထား

  • မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
  • မြေကွက်မြေပုံ (ဖောင်အမှတ်- ၁၀၅) နှင့် မြေပိုင်ဆိုင်မှုသမိုင်းကြောင်း (ဖောင်အမှတ်-၁၀၆)
  • မြေဂရန်ပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု သို့မဟုတ် သက်ဆိုင်ရာ အရောင်းအဝယ်စာချုပ်မိတ္တူ
  • ကန်ထရိုက်တာနှင့် မြေပိုင်ရှင်ကြားရှိ စာချုပ် (လိုအပ်ပါက)
  • တခြား အိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ
requirement
Note

လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။

Home Loan
Calculator

  • Amount

    Please input you are desire amount
    15,000,000 MMK 1,000,000,000 MMK

    Duration in years

    1year 25years

    Interest Rate

    10 %

  • 0

    Monthly Payment

    Total Interest Payable

သင်ဒါတွေသိပြီးပြီလား?

အိမ်ရာချေးငွေအကြောင်း သိကောင်းစရာများ

title-border

ရိုးမဘဏ်၏ အိမ်ရာချေးငွေ ကျွမ်းကျင်သူများက လွယ်ကူသော အိမ်ရာချေးငွေလျှောက်ထားမှုနှင့် လူကြီးမင်း၏ အိမ်ရာချေးငွေအသစ်အတွက် အကောင်းဆုံးချေးငွေကာလကို ရရှိစေရန် ကူညီဆောင်ရွက်ပေးပါမည်။

၁။ ကနဦးထောက်ခံချက်ရယူခြင်း – အနီးဆုံးရိုးမဘဏ်ခွဲကို ဆက်သွယ်ပြီး ရိုးမဘဏ်အိမ်ရာချေးငွေကျွမ်းကျင်သူများနှင့် ချေးငွေလိုအပ်ချက်အကြောင်းကို ဆွေးနွေးတိုင်ပင်လိုက်ပါ။ ထိုဆွေးနွေးမှုမှတစ်ဆင့် လူကြီးမင်းလိုအပ်မည့် ချေးငွေအမျိုးအစားနှင့် အတိုးနှုန်း၊ ကနဦးပေးသွင်းငွေနှင့် လစဉ်ပေးသွင်းရမည့် ငွေပမာဏတို့ကို သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

၂။ အိမ်ရှာဖွေခြင်း – အိမ်ရာချေးငွေ ကနဦးခွင့်ပြုပမာဏရရှိပါက တတ်နိုင်သောငွေကြေး ပမာဏနှင့်ကိုက်ညီသော အိမ်ရာကို ရှာဖွေပါ။

၃။ အိမ်ရောင်းသူနှင့် ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ခြင်း – မိမိဝယ်ယူလိုသည့် နေအိမ်ကို တွေ့ရှိပါက အိမ်ရှင်ကို ဆက်သွယ်ပြီး လိုအပ်သော စာရွက်စာတမ်း အထောက်အထားများနှင့် ဖောင်များဖြည့်စွက်ပါ။

၄။ အိမ်ရာချေးငွေ လျှောက်ထားခြင်း – ရိုးမဘဏ်ခွဲတိုင်းတွင် လိုအပ်သော စာရွက်စာတမ်းများကိုတင်သွင်းပြီး အိမ်ရာချေးငွေလျှောက်ထားနိုင်ပါပြီ။ ရိုးမဘဏ်၏ အိမ်ရာချေးငွေကျွမ်းကျင်သူများက ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှု စစ်ဆေးခြင်းနှင့် ဝင်ငွေအထောက်အထားများကို စစ်ဆေးပြီး သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အိမ်ရာချေးငွေ ခွင့်ပြု၊မပြု ဆုံးဖြတ်ချက်ကို အကြောင်းပြန်ပေးပါမည်။

Terms
မြေနှင့် အဆောက်အဦ၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများအတွက် ချေးငွေသက်တမ်း ၂၅ နှစ်အထိကနဦးပေးသွင်းငွေ ၃၀%
တိုက်ခန်းများအတွက် ချေးငွေသက်တမ်း ၁၅ နှစ်အထိကနဦးပေးသွင်းငွေ ၃၀%
 ပုံမှန် အတိုးနှုန်းတစ်နှစ်လျှင် ၁ဝ %*
ကနဦးပေးသွင်းငွေ ၅၀% မှ စတင်ပေးသွင်းသူများအတွက် အတိုးနှုန်းတစ်နှစ်လျှင် ၈ %*
ကနဦး ဝန်ဆောင်ခ၂၅၀,၀၀၀/- ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅%
ချေးငွေကာလ ပထမ သုံးနှစ်အတွင်း ချေးငွေဆပ်ရာတွင် အစောပိုင်းချေးငွေပေးသွင်းကြေးကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃%
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
Note

အိမ်ရာချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် – ရိုးမဘဏ်မှ အိမ်ရာချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခ မှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်းမရှိပါ။ အိမ်ရာချေးငွေအတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။

Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်

Terms & Conditions Apply.

ရိုးမဘဏ်အိမ်ရာချေးငွေ ကို ဘာလို့ရွေးချယ်သင့်လဲ?

မေးလေ့မေးထရှိသော မေးခွန်းများ

title-border

တစ်ဦးချင်းသုံး ချေးငွေအမျိုးအစားများကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။

ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center  ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်းသွားရောက်အကူအညီရယူနိုင်ပါသည်။

 

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ