ငွေစုဘဏ်အပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
ငွေစုဘဏ်အပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
ငွေစုဘဏ်အပ်ငွေစာရင်းအကြောင်း
ငွေစုဘဏ်အပ်ငွေစာရင်းမှ ပေးအပ်သော နှစ်စဉ် ၇% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို တိုးပွားစေလိုက်ပါ။
လုပ်ငန်းရှင်များ၊ မိသားစုများ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားယူထားသူများအတွက် သင့်တော်ပါသည်။
ငွေစုဘဏ်အပ်ငွေစာရင်းကို ဘာကြောင့် အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


အတိုးနှုန်း ပုံမှန်ရရှိခြင်း
နှစ်စဉ် ၇% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို ပုံမှန်တိုးပွားစေနိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
ငွေစုဘဏ်စာအုပ် ရရှိနိုင်ပြီး Yoma Bank Next Mobile Application မှတစ်ဆင့် မိမိအကောင့်ကို လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

ငွေထုတ်ယူမှု ကန့်သတ်ချက်မရှိခြင်း
နိုင်ငံတစ်ဝှမ်းရှိ ရိုးမဘဏ် ဘဏ်ခွဲများတွင် မိမိငွေကို အဆင်ပြေလွယ်ကူစွာ ထုတ်ယူနိုင်ပါသည်။
လစဉ်အတိုး တွက်ချက်နည်း
အတိုးကို လစဉ် (၅) ရက်နေ့မှ လကုန်ရက်အထိ ကာလအတွင်း မိမိအကောင့်အတွင်းရှိနေသော အနည်းဆုံးအပ်ငွေပမာဏအပေါ်တွင် တွက်ချက်ပါသည်။ လစဉ်တိုင်း ထိုကာလအတွင်း စုငွေများထည့်ထားခြင်းဖြင့်အမြင့်ဆုံးအတိုးရရှိစေမည်ဖြစ်ပါသည်။
*အတိုးကို လစဉ်တွက်ချက်ပြီး မတ်လ၊ ဇွန်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့၏ လကုန်ရက်တွင် (၃) လ တစ်ကြိမ် ထုတ်ယူနိုင်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ ၁,၀၀၀ ကျပ် ထားရှိရပါမည်။
- အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
- ပူးတွဲအကောင့်
- သက်ငယ်အကောင့် [အသက် (၁၈) နှစ် မပြည့်သေးပါက မိဘအုပ်ထိန်းသူမှ ဖွင့်ပေးနိုင်ခြင်း]

Interest Calculator
%
ငွေစုဘဏ်အပ်ငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

နှစ်စဉ် ၇% အတိုးနှုန်းဖြင့် မိမိစုဆောင်းငွေကို ပုံမှန်တိုးပွားစေနိုင်ပါသည်။
- အသုံးပြုမှုမရှိသည့် အကောင့်အတွက် ကောက်ခံငွေ – ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း မည်သည့်ဘဏ်ဝန်ဆောင်မှု တစ်ခုမျှ အသုံးမပြုထားသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံခြင်းဖြစ်ပါသည်။)
ငွေစုဘဏ်အပ်ငွေစာရင်းအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့သွားရောက်ပြီး လူကြီးမင်း၏ စာအုပ်အသစ်ထုတ်ယူနိုင်ရန် အကူအညီရယူနိုင်ပါသည်။
လစဉ်ကြေးမရှိပါ။ သို့သော် ဘဏ်စာရင်းဖွင့်လှစ်ထားပြီး လွန်ခဲ့သော (၁) နှစ်အတွင်း ဘဏ်ဝန်ဆောင်မှုတစ်ခုခု အသုံးပြုထားခြင်းမရှိသော အပ်ငွေစာရင်းများကို ဝန်ဆောင်ခ (Inactive Account Fee) ကောက်ခံပါသည်။
နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး အကောင့်အဟောင်း၏ အသေးစိတ်အချက်အလက်များပြန်လည်ရယူရန် အကူအညီတောင်းခံနိုင်ပါသည်။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi ခေါ်ယူအပ်ငွေစာရင်း




BizSpace Portal
Payroll Portal
Supply Chain Financing