Personal banking > Digital Banking

Yoma Bank

Next

Mobile Application

Yoma Bank Next Mobile Application

Yoma Bank Next Mobile Application

ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်အသစ်များနှင့် Yoma Bank Next Mobile Application သည် မိမိငွေကြေးကို မည်သည့်နေရာမှမဆို လွယ်ကူစိတ်ချစွာ စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။

ဘဏ်ခွဲသို့သွားစရာမလိုဘဲ Yoma Bank Next Mobile Application မှတစ်ဆင့် လက်ကျန်ငွေစစ်ဆေးခြင်း၊ ပြည်တွင်း မည်သည့်ငွေလွှဲခြင်းမျိုးမဆို လုပ်ဆောင်နိုင်ပြီး WavePay Account သို့ပါ ငွေလွှဲနိုင်ခြင်း၊ ကဏ္ဍစုံလင်စွာ ဘေလ်ပေးဆောင်နိုင်ခြင်း၊ ချေးငွေ ပြန်ဆပ်ရန် ကြည့်ရှုစစ်ဆေးနိုင်ခြင်း၊ ကတ်နှင့် ဘဏ်စာရင်းအားလုံးကို ကြည့်ရှုစီမံခန့်ခွဲနိုင်သည့်အပြင် My QR မှတစ်ဆင့် ငွေလက်ခံနိုင်သလို MMQR၊ Wave နှင့် Yoma QR တို့ကိုပါ တိုက်ရိုက် Scan ဖတ်ပြီး ငွေပေးချေနိုင်သည်သာမက စာရင်းသေအပ်ငွေ စာရင်းဖွင့်ခြင်းကိုပါ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

Yoma Bank Next Mobile Application ကို ဘာကြောင့်ရွေးချယ်သင့်သလဲ။

အားသာချက်များ

title-border

QR Code စနစ်ဖြင့် ငွေပေးချေ/ငွေလက်ခံနိုင်ခြင်း

Yoma Bank Next Mobile Application ၏ ‘Scan to Pay’ နှင့် ‘My QR’ လုပ်ဆောင်ချက်များဖြင့် အကောင့်တစ်ခုမှ တစ်ခုဆီသို့ ငွေပေးချေ/ငွေလက်ခံမှုများ ပြုလုပ်နိုင်ပါသည်။ ထို့အပြင် ‘WavePay Account Transfer’ လုပ်ဆောင်ချက်ကိုအသုံးပြုပြီး WavePay အကောင့်များသို့ တိုက်ရိုက်ငွေလွှဲခြင်းနှင့် QR Scan ဖတ်ကာ  Wave Merchant ဆိုင်များတွင်လည်း ငွေပေးချေခြင်းအပြင် MMQR Scan ဖတ်၍လည်း ငွေပေးချေခြင်း ပြုလုပ်နိုင်ပါသည်။

ဘေလ်ပေးဆောင်နိုင်ခြင်း

ကဏ္ဍအစုံအလင်မှ ဝန်ဆောင်မှုပေးသည့် (Biller) ကုမ္ပဏီ ၇၀ ကျော်ဆီသို့ ဘေလ်ပေးဆောင်ခြင်းနှင့် ဝန်ဆောင်ခပေးချေခြင်းတို့အပြင် မီတာဘေလ်၊ အကောက်ခွန်/ စည်ပင် စသည့် အစိုးရသို့ပါ ငွေပေးချေခြင်းတို့ကိုလည်း ‘Bill Payment’ မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ပေးချေဆောင်ရွက်နိုင်ပါသည်။

ဖုန်းငွေဖြည့်ခြင်း

Yoma Bank Next Mobile Application ထဲရှိ ‘Mobile Top-up’ မှတစ်ဆင့် ဖုန်းနံပါတ်ရိုက်ထည့်ကာ မည်သည့် Mobile Operator အမျိုးအစားမဆို ဖုန်းငွေဖြည့်နိုင်ပါသည်။

အကောင့်တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း (မိမိကိုယ်ပိုင်/ အခြားသူ)

မိမိကိုယ်ပိုင်အကောင့်ဖြစ်စေ၊ အခြားသူ၏အကောင့်ထဲသို့ဖြစ်စေ အကောင့်တစ်ခုမှ တစ်ခုသို့ ‘Account Transfer’ ထဲသို့ဝင်ရောက်ပြီး အပြန်အလှန်ငွေလွှဲနိုင်ပါသည်။

အခြားဘဏ်များသို့ ငွေလွှဲခြင်း

မိမိ၏ရိုးမဘဏ်အကောင့်မှ အခြားဘဏ်ပေါင်း ၅၀ ကျော်သို့ Yoma Bank Next Mobile Application အသုံးပြုပြီး ဘဏ်ခွဲသွားစရာမလိုဘဲ ငွေလွှဲပြောင်းနိုင်ပါသည်။ ငွေလွှဲခအနည်းငယ်သာ ကျသင့်မည်ဖြစ်ပါသည်။

အချိန်ဇယားဖြင့် အလိုအလျောက်ငွေလွှဲခြင်း

ပုံမှန်ပေးဆောင်ရမည့် ချေးငွေများ (သို့မဟုတ်) သတ်မှတ်ထားသည့်ရက်အလိုက် ငွေလွှဲရမည့်ကိစ္စရပ်များအတွက် ‘Schedule Payment’ လုပ်ဆောင်ချက်တွင် အကြိမ်အရေအတွက် (နေ့စဉ်/ အပတ်စဉ်/ လစဉ်) စသည်ဖြင့် ရွေးချယ် ကြိုတင်သတ်မှတ်ကာ အလိုအလျောက်ငွေလွှဲနိုင်ပါသည်။

Wave Agent ဆိုင်များတွင် ငွေထုတ်ခြင်း

‘Wave Cash Out’ လုပ်ဆောင်ချက်မှတစ်ဆင့် နီးစပ်ရာ Wave Agent ဆိုင်များတွင် အလွယ်တကူငွေထုတ်နိုင်ပါသည်။

စာရင်းသေအပ်ငွေစာရင်း ဖွင့်နိုင်ခြင်း

Yoma Bank Next Mobile Application ထဲရှိ ‘ဝန်ဆောင်မှုများ’ နေရာသို့ဝင်ပြီး ‘အပ်ငွေ’ လုပ်ဆောင်ချက်မှ မိမိဖွင့်လိုသည့် စာရင်းသေအပ်ငွေစာရင်း (Fixed Deposit Account) အမျိုးအစားကို ရွေးချယ်ကာ အပ်ငွေပမာဏ ထည့်၍ အပ်နှံမည့်ကာလနှင့် သက်တမ်းအမျိုးအစားကို ထပ်မံရွေးချယ်ခြင်းဖြင့် စာရင်းသေအပ်ငွေစာရင်းကို ကိုယ်တိုင်ဖွင့်နိုင်မည်ဖြစ်ပါသည်။

ကတ်နှင့် အကောင့်များ စီမံခန့်ခွဲခြင်း

ရိုးမဘဏ်ကတ်များနှင့် ဘဏ်အကောင့်များကို Yoma Bank Next Mobile Application ၏ ‘Accounts’ နှင့် ‘Cards’ နေရာများတွင် Online မှတစ်ဆင့် စစ်ဆေးကြည့်ရှု စီမံခန့်ခွဲနိုင်ပါသည်။

စက်ပစ္စည်း (Device) စီမံခန့်ခွဲခြင်း

Yoma Bank Next Mobile Application ထဲရှိ ‘Profile’ ထဲသို့ဝင်ရောက်ပြီး ‘Device Setting’ နေရာတွင် အကောင့်ဖွင့်ထားသော Device (ဖုန်း၊ တက်ဘလက် စသည်) တို့၏ အချက်အလက်ကို စစ်ဆေးနိုင်ခြင်း၊ Device အသစ်ဖြစ်ပါက ‘အတည်ပြုရန်’ တွင် အချက်အလက်များ ပေါ်လာမည်ဖြစ်ပြီး လိုအပ်သည်များ ဖြည့်စွက်လုပ်ဆာင်ခြင်းဖြင့် Device အသစ်ချိတ်ဆက်ခြင်းကို အလွယ်တကူပြုလုပ်နိုင်ပါသည်။

Yoma Bank Next Mobile Application အသုံးပြုနည်း ဗီဒီယိုများ

Yoma Bank Next Mobile Application ရဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့ အသုံးပြုနည်းတွေကို ဗီဒီယိုတွေထဲမှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

Yoma Bank Next Mobile Application အကြောင်း

မေးလေ့မေးထရှိသော မေးခွန်းများ

title-border

ရိုးမဘဏ်ရဲ့ Online Banking / Mobile Banking လျှောက်ထားရန်အတွက် နီးစပ်ရာရိုးမဘဏ်ခွဲသို့ မှတ်ပုံတင်မူရင်းနှင့်တကွ သွားရောက်လျှောက်ထားနိုင်ပါသည်။

သင့်ငွေကြေးကို လုံခြုံစိတ်ချစွာနဲ့
လွယ်ကူစွာ စီမံခန့်ခွဲနိုင်ဖို့
Yoma Bank Next App ကို
အခုပဲ Download လုပ်လိုက်ပါ။

download button download button download button

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ