လုပ်ငန်းသုံးချေးငွေ
Business Banking > Loans
လုပ်ငန်းသုံးချေးငွေ
Business Banking > Loans
လုပ်ငန်းသုံးချေးငွေအကြောင်း
ရိုးမဘဏ် လုပ်ငန်းသုံးချေးငွေသည် စီးပွားရေးလုပ်ငန်းဆောင်တာအမျိုးမျိုးအတွက် ငွေကြေးထောက်ပံ့ပေးမည့် ချေးငွေအမျိုးအစားဖြစ်ပြီး ပစ္စည်းတစ်မျိုးချင်းဝယ်ယူခြင်း၊ ကာလရှည်စီးပွားရေးလုပ်ငန်းချဲ့ထွင်မှုအစီအစဉ်များနှင့် အထွေထွေ လုပ်ငန်းလည်ပတ်ရန်အရင်းအနှီးများ စသည်တို့ပါဝင်ပါသည်။ လပေါင်း ၃၆ လ အထိ ပုံသေအတိုးနှုန်း သာပေးဆောင်ရသည့် လုပ်ငန်းသုံးချေးငွေသည် လုပ်ငန်းအတွက် လိုအပ်နေသော ရင်းနှီးငွေကို လွယ်ကူရိုးရှင်းစွာ ရယူနိုင်မည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။
လုပ်ငန်းသုံးချေးငွေကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
လွယ်ကူတိကျသော ချေးငွေ
ပုံသေအတိုးနှုန်း
ချေးငွေသက်တမ်းရှည်ခြင်း
ချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ
- လုပ်ငန်းလိုင်စင်
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
- တစ်နှစ်စာ ဘဏ်စာရင်း
- ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် (သို့) ဘုတ်အဖွဲ့၏ အစည်းအဝေးမှတ်တမ်း
- အရောင်းစာရင်းအကျဉ်းချုပ်နှင့် အရောင်းဘောင်ချာများ (သို့) အဝယ်စာရင်းအကျဉ်းချုပ်နှင့် အဝယ်ဘောင်ချာများ
ပိုမိုသိရှိရန် နီးစပ်ရာ ဘဏ်ခွဲသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
သင်ဒါတွေသိပြီးပြီလား?
လုပ်ငန်းသုံးချေးငွေအကြောင်း သိကောင်းစရာများ
ကာလရှည်ချေးငွေသက်တမ်း* | အတိုးနှုန်း** | ဝန်ဆောင်ခ |
၁၂ လ မှ ၃၆ လ အထိ * | တစ်နှစ်လျှင် ၁၀%** | ဝ.၂၅% |
နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
* ချေးငွေသက်တမ်းကို နှစ်စဉ် ပြန်လည် သုံးသပ်သွားပါမည်။
** အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံသွားပါမည်။
လုပ်ငန်းသုံးချေးငွေ