လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း
Business Banking > Accounts
လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း
Business Banking > Accounts
လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း အကြောင်း
ရိုးမဘဏ်၏နိုင်ငံခြားငွေစာရင်းဖြင့် ယုံကြည်စိတ်ချရသော နိုင်ငံတကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေကြေးလုပ်ငန်းများနှင့် နိုင်ငံတကာ ငွေပေးချေမှုများ ဆောင်ရွက်ခြင်း သို့မဟုတ် သွင်းကုန်၊ထုတ်ကုန်လုပ်ငန်းများအတွက် ထိရောက်သည့် အထောက်အပံ့ကောင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ တစ်ဦးချင်း၊ ကုမ္ပဏီ သို့မဟုတ် ပူးတွဲအကောင့်များ ဖွင့်လှစ်နိုင်ပါသည်။
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်း ကို ဘာလို့ အသုံးပြုသင့်သလဲ။
အားသာချက်များ
နိုင်ငံတကာငွေကြေးမျိုးစုံဖြင့် အပ်ငွေစာရင်းဖွင့်နိုင်ခြင်း
(အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်)
ငွေသွင်းငွေထုတ်ခြင်း
(တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် ထုတ်ယူနိုင်ပြီး တစ်ကြိမ်လျှင် အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ထုတ်ယူနိုင်ပါသည်။)
နိုင်ငံတကာငွေလွှဲပြောင်းမှု တိုက်ရိုက်လက်ခံနိုင်ခြင်း
လစဉ်ဘဏ်စာရင်းရှင်းတမ်း ရယူနိုင်ခြင်း
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းလျှောက်ထားရန်
လိုအပ်ချက်များ
- ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
- နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
- ပတ်စ်ပို့ ဓာတ်ပုံ
- ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
- ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီမှတ်တမ်း (ဥပမာ- ဒါရိုက်တာများစာရင်း၊ အရာရှိများစာရင်း၊ အစုရှယ်ယာနှင့် လိပ်စာ စသည်ဖြင့်)
- သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
သင်ဒါတွေသိပြီးပြီလား?
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်းအကြောင်း သိကောင်းစရာ
လျှောက်ထားနိုင်သည့် နိုင်ငံတကာငွေကြေးများ - အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ
- စာရင်းထဲသို့ ငွေထည့်သွင်းပါက ထည့်သွင်းငွေ ပမာဏ၏ ၀.၃ % ဝန်ဆောင်ခ ကောက်ခံပါမည်။
- စာရင်းမှ ငွေထုတ်ယူပါက လုပ်ဆောင်ချက်တစ်ကြိမ် ပြုလုပ်တိုင်း တစ်ဒေါ်လာ ကောက်ခံပါမည်။
လုပ်ငန်းသုံး နိုင်ငံခြားငွေစာရင်း
မေးလေ့မေးထရှိသော မေးခွန်းများ
သင်နှင့် ကိုက်ညီသော အကောင့်ကို ရွေးချယ်ပါ။