ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
Business Banking > Loans
ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
Business Banking > Loans
ချေးငွေမှန်သူများ ရယူနိုင်သည့် ချေးငွေအကြောင်း
ရိုးမဘဏ်ဖြင့် ငွေပေးငွေယူပြုလုပ်ခြင်းဖြင့် လူကြီးမင်း၏ ငွေစာရင်းအသုံးပြုမှုမှတ်တမ်း အပေါ်မူတည်ပြီး အာမခံပစ္စည်းထားရှိရန်မလိုသော ချေးငွေမှန်သူများရယူနိုင်သည့်ချေးငွေ (Transactor Loan) ကို ရယူနိုင်ပါပြီ။
ရိုးမဘဏ်ငွေစာရင်းဖြင့် ငွေပေးငွေယူမှုများများလုပ်လေ၊ နောက်ထပ် အာမခံပစ္စည်းမလိုဘဲ ငွေများများချေးယူနိုင်လေ ဖြစ်ပါသည်။
ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ
မြန်မာကျပ်ငွေ သိန်း ၃၀၀၀ အထိ ချေးငွေများများရယူနိုင်ခြင်း
ချေးငွေသက်တမ်း ရှည်ကြာခြင်း
လွယ်ကူမြန်ဆန်စွာ ချေးငွေလျှောက်ထားနိုင်ခြင်း
ချေးငွေလျှောက်ထားရန်
- ရိုးမဘဏ်၏ SME Express Loan Customer ဖြစ်ရမည်။
- Customer မှ ၎င်း၏ထိပ်တန်း ဖောက်သည်သုံးဦး (ရောင်းသူ သို့မဟုတ် ဝယ်သူ) ကို ရိုးမဘဏ်နှင့် ချိတ်ဆက်ပေးရမည်။
ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ
ချေးငွေဆိုင်ရာသတ်မှတ်ချက်များ | |
အများဆုံးချေးငွေသက်တမ်း | အများဆုံး ၃ နှစ်အထိ |
အတိုးနှုန်း | အများဆုံး တစ်နှစ်လျှင် ၁၅% အထိ |
ချေးငွေလျှောက်ထားမှု ဝန်ဆောင်ခ | ၁% (အနည်းဆုံး ၂၅၀,၀၀၀ ကျပ်) |
သက်တမ်းတိုးကြေး | ၁% (အနည်းဆုံး ၃၀၀,၀၀၀ ကျပ်) |
* နှုန်းထားများ ပြောင်းလဲမှုရှိနိုင်ပါသည်။ (အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ်ကောက်ခံပါမည်။)
ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေအကြောင်း
မေးလေ့ရှိသော မေးခွန်းများ
- SME Express ချေးငွေ
- ဖြန့်ချီရေးလုပ်ငန်းသုံးချေးငွေ
- ကုန်စည်စီးဆင်းမှုချေးငွေ
- ချေးငွေမှန်သူများ ရယူနိုင်သည့်ချေးငွေ
- လုပ်ငန်းသုံးစာရင်းပိုထုတ်ချေးငွေ
- လုပ်ငန်းသုံးချေးငွေ
- အငှားဝယ်ယူချေးငွေ
- SMART Credit Business
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank Official Facebook Page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲ သို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက်အကူအညီရယူနိုင်ပါသည်။