လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ
Business Banking > Loans
လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ
Business Banking > Loans
လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေအကြောင်း
ရိုးမဘဏ်၏ စာရင်းပိုထုတ်ချေးငွေသည် လုပ်ငန်းရင်းနှီးငွေ လိုအပ်ချက်ကို ချက်ချင်း ဖြည့်ဆည်းပေးမည့် ကာလတို အရင်းအနှီးတစ်ခုဖြစ်သည်။ လူကြီးမင်း ထုတ်ယူအသုံးပြုထားသည့် ချေးငွေ ပမာဏအတိုင်း အတိုးနှုန်းကို နေ့စဉ် တွက်ချက်ပေးပြီး ထုတ်ယူ သုံးစွဲထားသော ငွေကြေးပမာဏ အတွက်သာ ပေးဆောင်ရန်လိုအပ်ပါသည်။
လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
လုပ်ငန်းလည်ပတ်ရန် အရင်းအနှီး လျင်လျင်မြန်မြန်ရနိုင်ခြင်း
ချေးငွေ ပမာဏ များများထုတ်ယူနိုင်ခြင်း
ချေးငွေဆပ်ရာတွင် အဆင်ပြေလွယ်ကူခြင်း
ချေးငွေလျှောက်ထားရန်
လိုအပ်ချက်များ
- လုပ်ငန်းလိုင်စင်
- ဝင်ငွေခွန်ပြေစာများ
- ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
- တစ်နှစ်စာ ဘဏ်စာရင်း
- ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် (သို့) ဘုတ်အဖွဲ့၏ အစည်းအဝေးမှတ်တမ်း
- အရောင်းစာရင်းအကျဉ်းချုပ်နှင့် အရောင်းဘောင်ချာများ (သို့) အဝယ်စာရင်းအကျဉ်းချုပ်နှင့် အဝယ်ဘောင်ချာများ
ပိုမိုသိရှိရန်
ပိုမိုသိရှိရန် နီးစပ်ရာ ဘဏ်ခွဲသို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
သင်ဒါတွေသိပြီးပြီလား?
လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေအကြောင်း သိကောင်းစရာများ
ချေးငွေဆိုင်ရာသတ်မှတ်ချက်များ | |
အများဆုံးချေးငွေသက်တမ်း | ၁၂ လ (၁ နှစ်) |
အတိုးနှုန်း* | တစ်နှစ်လျှင် ၁ဝ%* |
ချေးငွေလျှောက်ထားမှု ဝန်ဆောင်ခ | ဝ.၅% |
ချေးငွေအသုံးမပြုလျှင် ပေးဆောင်ရငွေ | ၁% |
သက်တမ်းတိုးကြေး | ဝ.၂၅% |
Note
* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။ (အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ် ကောက်ခံပါမည်။)
- နှစ်စဉ် သီတင်းပတ် နှစ်ပတ်တိတိ စာရင်းပိုထုတ်ချေးငွေ လက်ကျန်ကြွေးမြီပမာဏမှာ သုည ကျပ်ဖြစ်ရမည်။
- စာရင်းပိုထုတ်ချေးငွေသည် ကာလတိုငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ရွှေ့ပြောင်း၍မရသော ပစ္စည်းများဝယ်ယူရန် အရင်းအနှီးအဖြစ် မသုံးသင့်ပါ။
လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ
မေးလေ့မေးထရှိသော မေးခွန်းများ
လုပ်ငန်းသုံး ချေးငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင် အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။
တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ
လုပ်ငန်းသုံးချေးငွေ
Key Features
လွယ်ကူတိကျသော ချေးငွေ
ပုံသေအတိုးနှုန်း
ချေးငွေသက်တမ်းရှည်ခြင်း
SME Express Loan
Key Features
ချက်ချင်းဝယ်ပြီး ဖြည်းဖြည်းချင်းပြန်ဆပ်နိုင်ခြင်း
ပြန်ပေးဆပ်ရမည့်ငွေ တဖြည်းဖြည်းနည်းသွားခြင်း
စိုက်ပျိုးရေးလုပ်ငန်းသုံးချေးငွေ
Key Features
လုပ်ငန်း ငွေကြေးလည်ပတ်မှု တိုးပွားစေခြင်း
လုပ်ငန်း တိုးချဲ့မှု၊ ချဲ့ထွင်မှုကို အထောက်အပံ့ဖြစ်စေခြင်း
လွယ်ကူမြန်ဆန်စွာ ချေးငွေ လျှောက်ထားနိုင်ခြင်း