Yoma Bank Next App
ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်အသစ်များနှင့် Yoma Bank Next Mobile Application သည် သင်၏ငွေကြေးကို မည်သည့်နေရာမှမဆို လွယ်ကူစိတ်ချစွာစီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။
ဘဏ်ခွဲသို့သွားစရာမလိုဘဲ Yoma Bank Next Mobile Application မှတစ်ဆင့် လက်ကျန်ငွေစစ်ဆေးခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ချေးငွေ ကြည့်ရှုစစ်ဆေးနိုင်ခြင်းနှင့် QR Code အသုံးပြုပြီး ငွေပေးချေခြင်းတို့အပြင် စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ခြင်းတို့ကိုပါ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Choice the perfect Yoma Bank Next App for you
Features and Benefits
မိမိကိုယ်တိုင် အကောင့်ဖွင့် အသုံးပြုနိုင်ခြင်း
ရိုးမဘဏ် ဘဏ်ခွဲများသို့ သွားစရာမလိုဘဲ Yoma Bank Next Mobile Application ထဲတွင် မိမိကိုယ်တိုင် အကောင့်ဖွင့်အသုံးပြုနိုင်သည်။ Application ကို ဦးစွာ download ရယူပြီး ရိုးမဘဏ်အကောင့်တစ်ခုဖြင့် Register ပြုလုပ်ပါ။ ထို့နောက် Username နှင့် Password သတ်မှတ်ပြီး စတင်အသုံးပြုနိုင်ပါပြီ။
QR Code စနစ်ဖြင့် ငွေပေးချေ/ငွေလက်ခံခြင်း
Yoma Bank Next Mobile Application ၏ ‘Scan to Pay’ နှင့် ‘My QR’ လုပ်ဆောင်ချက်များဖြင့် အကောင့်တစ်ခုမှတစ်ခုဆီသို့ ငွေပေးချေ/ငွေလက်ခံမှုများ ပြုလုပ်နိုင်သည်။ ထို့အပြင် ‘WavePay Account Transfer’ လုပ်ဆောင်ချက်ကိုအသုံးပြုပြီး WavePay အကောင့်များထံသို့ တိုက်ရိုက်ငွေလွှဲခြင်းနှင့် QR Scan ဖတ်ပြီး Wave Merchant များထံသို့ ငွေပေးချေခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။
ဘေလ်ပေးဆောင်ခြင်း
ဝန်ဆောင်မှုပေးသူ (Biller) ကုမ္ပဏီ ၇၀ ကျော်ဆီသို့ ဘေလ်ပေးဆောင်ခြင်းနှင့် ဝန်ဆောင်ခပေးချေခြင်းတို့ကို Yoma Bank Next Mobile Application ထဲရှိ ‘Bill Payment’ မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်သည်။
ဖုန်းငွေဖြည့်ခြင်း
Yoma Bank Next Mobile Application ထဲရှိ ‘Mobile Top-up’ မှတစ်ဆင့် ဖုန်းနံပါတ်ရိုက်ထည့်ကာ ဖုန်းငွေဖြည့်နိုင်သည်။
အကောင့်တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း (မိမိကိုယ်ပိုင်/ အခြားသူ)
မိမိကိုယ်ပိုင်အကောင့်ဖြစ်စေ အခြားသူ၏အကောင့်ထဲသို့ဖြစ်စေ အကောင့်တစ်ခုမှ တစ်ခုသို့ ‘Account Transfer’ ထဲသို့ဝင်ရောက်ပြီး အပြန်အလှန်ငွေလွှဲနိုင်သည်။
အခြားဘဏ်များသို့ ငွေလွှဲခြင်း
မိမိ၏ ရိုးမဘဏ်အကောင့်မှ အခြားဘဏ်ပေါင်း ၅၀ ကျော်သို့ Yoma Bank Next Mobile Application အသုံးပြုပြီး ဘဏ်ခွဲများသို့သွားစရာမလိုဘဲ ငွေလွှဲပြောင်းနိုင်သည်။ ငွေလွှဲခအနည်းငယ်သာ ကျသင့်မည်ဖြစ်ပါသည်။
အချိန်ဇယားဖြင့် အလိုအလျောက်ငွေလွှဲခြင်း
ပုံမှန်ပေးဆောင်ရမည့် ချေးငွေများ (သို့မဟုတ်) သတ်မှတ်ထားသည့်ရက်အလိုက် ငွေလွှဲရမည့်ကိစ္စရပ်များအတွက် ‘Schedule Payments’ လုပ်ဆောင်ချက်ဖြင့် နေ့ရက်ကို ကြိုတင်သတ်မှတ်ထားပြီး အလိုအလျောက်ငွေလွှဲနိုင်သည်။
Wave ဆိုင်များတွင် ငွေထုတ်ခြင်း
‘Wave Cash Out’ လုပ်ဆောင်ချက်မှတစ်ဆင့် နီးစပ်ရာ Wave ဆိုင်များတွင် အလွယ်တကူငွေထုတ်နိုင်သည်။
စာရင်းသေအပ်ငွေစာရင်း ဖွင့်လှစ်ခြင်း
Yoma Bank Next Mobile Application ထဲရှိ ‘Fixed Deposit’ လုပ်ဆောင်ချက်မှတစ်ဆင့် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းကာ စာရင်းသေအပ်ငွေစာရင်းကို ကိုယ်တိုင်ဖွင့်လှစ်နိုင်သည်။
ကတ်နှင့် အကောင့်များ စီမံခန့်ခွဲခြင်း
ရိုးမဘဏ်ကတ်များနှင့် ဘဏ်အကောင့်များကို Yoma Bank Next Mobile Application ၏ ‘Accounts’ နှင့် ‘Cards’ နေရာများတွင်ထည့်သွင်းကာ အွန်လိုင်းမှ စီမံခန့်ခွဲနိုင်သည်။
စက်ပစ္စည်း (Device) စီမံခန့်ခွဲမှု
Yoma Bank Next Mobile Application ထဲရှိ ‘Profile’ ထဲသို့ဝင်ရောက်ပြီး ‘Device Management’ နေရာတွင် အကောင့်ဖွင့်ထားသော Device (ဖုန်း၊ တက်ဘလက် စသည်) တို့ကို ဖြုတ်ချခြင်းနှင့် အသစ်ချိတ်ဆက်ခြင်းတို့ကို အလွယ်တကူပြုလုပ်နိုင်သည်။
Choice the perfect mobile banking for you
Have problems ?
We can answer these questions
Please go to the nearest Yoma Bank branch and do not forget to bring NRC/Passport.