စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်း

Business Banking > Accounts

စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်း

Business Banking > Accounts

စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းအကြောင်း

ရိုးမဘဏ်၏ စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းသည် လူကြီးမင်း၏ လုပ်ငန်းလိုအပ်ချက်များကို ပြည့်မီစေရန် အထူးဖန်တီးထားသော ဘဏ်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပါသည်။ စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းဖြင့် ငွေပေးချေမှုများ၊ ချေးငွေလျှောက်ထားခြင်းများ၊ ငွေလွှဲခြင်းများနှင့် အခြားဝန်ဆောင်မှုများကို ရယူနိုင်ပါသည်။

စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်းကို ဘာကြောင့် အသုံးပြုသင့်သလဲ။

အကျိုးခံစားခွင့်များ

title-border

ရိုးမဘဏ်ချက်လက်မှတ် အသုံးပြုနိုင်ခြင်း

အကန့်အသတ်မရှိ ငွေသွင်းငွေထုတ်နိုင်ခြင်း

လစဉ် ဘဏ်စာရင်းရှင်းတမ်း ရယူနိုင်ခြင်း

ချေးငွေ လျှောက်ထားနိုင်ခြင်း

မှတ်ချက်

အတိုးနှုန်း – နှစ်စဉ် ၀%

အကောင့်ဖွင့်ရန်

  • ဘုတ်အဖွဲ့ဝင်များ၏ မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်မူရင်းနှင့်
  • နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူးလက်မှတ်မူရင်းနှင့် သက်တမ်းရှိသော Business Visa
  • Passport ပုံ အရွယ်အစား ID ဓါတ်ပုံ
  • စာရင်းဖွင့်လျှောက်လွှာ
    (Company Letter Head တွင် MD (သို့) Chairman လက်မှတ်နှင့် Company တုံးတံဆိပ်)
  • အစည်းအဝေးဆုံးဖြတ်ချက်
  • ကုမ္ပဏီမှတ်ပုံတင်
  • Company Extract/Profile DICA မှ
    (ဥပမာ- ဒါရိုက်တာများစာရင်း, အရာရှိများစာရင်း, ဝေစုနှင့်လိပ်စာ စသဖြင့်)
  • ထုတ်ကုန်/သွင်းကုန် လိုင်စင် (ထုတ်ကုန်/သွင်းကုန်ကုမ္ပဏီ ဖြစ်ပါက)

 

 

အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ

  • တစ်ဦးချင်းအကောင့်
  • ပူးတွဲအကောင့်
requirement

စီးပွားရေးလုပ်ငန်းသုံးစာရင်းရှင်စာရင်းအတွက်

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

title-border

  • အသုံးပြုမှုမရှိသည့် အကောင့်အတွက် ကောက်ခံငွေ – ၁,၅၀၀ ကျပ်
    (ဘဏ်စာရင်းဖွင့်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း မည်သည့်ဘဏ်ဝန်ဆောင်မှု တစ်ခုမျှ အသုံးမပြုထားသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံခြင်းဖြစ်ပါသည်။)

စီးပွားရေးလုပ်ငန်းသုံးစာရင်းရှင်စာရင်း

မေးလေ့မေးထရှိသောမေးခွန်းများ

title-border

လုပ်ငန်းသုံး ငွေစာရင်းအမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center  ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်း သွားရောက် အကူအညီရယူနိုင်ပါသည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ