Flexi Everyday စာရင်းရှင်စာရင်း
Business Banking > Accounts
Flexi Everyday စာရင်းရှင်စာရင်း
Business Banking > Accounts
Flexi Everyday စာရင်းရှင်စာရင်း အကြောင်း
မိမိစိတ်ကြိုက် ငွေကြေးစီမံခန့်ခွဲပြီး မိမိလုပ်ငန်းနှင့် လူနေမှုဘဝကို မြှင့်တင်လိုက်ပါ။
နိုင်ငံတကာနှင့် ပြည်တွင်းရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ဆိုင်ပိုင်ရှင်များအတွက် သင့်တော်ပါသည်။
Flexi Everyday စာရင်းရှင်စာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


ရိုးမဘဏ်ချက်လက်မှတ် အသုံးပြုနိုင်ခြင်း
ချက်လက်မှတ်စာအုပ် အသုံးပြုနိုင်ခြင်းကြောင့် ငွေထုတ်ရာတွင်
အဆင်ပြေလွယ်ကူစေပါသည်။

MPU နှင့် MPU-Mastercard Debit Card
ရိုးမဘဏ်၏ Debit Card များအသုံးပြုပြီး ကမ္ဘာအနှံ့တွင် ငွေသားအသုံးမပြုပဲ စျေးဝယ်နိုင်ပါသည်။

လွယ်ကူစွာ စီမံခန့်ခွဲနိုင်ခြင်း
Yoma Bank Next Mobile Application မှလည်း မိမိအကောင့်ကို
လွယ်ကူစွာစီမံခန့်ခွဲနိုင်ပါသည်။

WavePay Wallet နှင့် ချိတ်ဆက်နိုင်ခြင်း
WavePay App သို့ လွယ်ကူစွာငွေလွှဲပြီး ရိုးမဘဏ်နှင့် WavePay တို့မှ
ပေးအပ်သော အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။
အတိုးနှုန်း – နှစ်စဉ် ၀%
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို မြန်မာငွေကျပ် (၁၀၀,၀၀၀) သတ်မှတ်ထားပါသည်။
- အနည်းဆုံး လက်ကျန်ငွေ မြန်မာငွေကျပ် (၁,၀၀၀) ထားရှိရပါမည်။
- ကုမ္ပဏီဘုတ်အဖွဲ့ဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- ကုမ္ပဏီဖွဲ့စည်းပုံ
- ကုမ္ပဏီ Extract
- ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်း
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
- ပူးတွဲအကောင့်

Flexi Everyday စာရင်းရှင်စာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

- အသုံးပြုမှုမရှိသည့် အကောင့်အတွက် ကောက်ခံငွေ – ၁,၅၀၀ ကျပ်
(ဘဏ်စာရင်းဖွင့်ထားသော်လည်း လွန်ခဲ့သော (၁) နှစ်အတွင်း မည်သည့်ဘဏ်ဝန်ဆောင်မှု တစ်ခုမျှ အသုံးမပြုထားသော အပ်ငွေစာရင်းများကိုသာ လစဉ်ကောက်ခံခြင်းဖြစ်ပါသည်။)
Flexi Everyday စာရင်းရှင်စာရင်းအကြောင်း
မေးလေ့မေးထရှိသော မေးခွန်းများ

နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး လူကြီးမင်း၏ ချက်လက်မှတ်စာအုပ် အသစ် ထုတ်ယူနိုင်ရန် အကူအညီရယူနိုင်ပါသည်။
Debit ကတ် ပျောက်သွားပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ Customer Care Center (9662) သို့ ခေါ်ဆိုပြီး လူကြီးမင်း၏အကောင့်ကို စိတ်ချလုံခြုံစေရန် အကူအညီရယူနိုင်ပါသည်။ ထို့နောက် နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး Debit ကတ်အသစ်ထုတ်ယူရန် ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
Flexi Everyday အကောင့်သည် Current အကောင့်၏ အဆင့်မြှင့်ထားသော ဗားရှင်းဖြစ်ပြီး လက်လီနှင့် လုပ်ငန်းသုံး ဖောက်သည်များအတွက် ပိုမိုအကျိုးရှိသော ဝန်ဆောင်မှုများ ပေးအပ်ပါသည်။
နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့ သွားရောက်ပြီး Flexi Everyday အကောင့်ဖွင့်ရန်နှင့် MasterCard Debit ကတ် ထုတ်ယူရန် လိုအပ်သည့်လုပ်ငန်းစဉ်များအတွက် အကူအညီရယူနိုင်ပါသည်။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
Flexi Everyday စာရင်းရှင်စာရင်းကို အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

လုပ်ငန်းသုံးနိုင်ငံခြားငွေစာရင်း

စီးပွားရေးလုပ်ငန်းသုံး စာရင်းရှင်စာရင်း



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal