Solar Financing

Business Banking > Loans

Solar Financing

Business Banking > Loans

Solar Financing အကြောင်း

မိမိအိမ်နှင့် လုပ်ငန်းများတွင် စွမ်းအင် လိုအပ်ချက်ကို စိတ်အေးချမ်းသာစွာဖြင့် ရေရှည် ဖြည့်ဆည်းနိုင်ရေးသည် လူကြီးမင်းတို့၏ လူမှုစီးပွား တိုးတက်မှုအတွက် အဓိက သော့ချက်ဖြစ်ပါသည်။ စရိတ်သက်သာသည့် စွမ်းအင်ကို လူတိုင်း လက်လှမ်းမီနိုင်စေရန် ရိုးမဘဏ်မှ Solar Financing ဝန်ဆောင်မှုကို ဆောင်ရွက်ပေးထားပါသည်။ ကနဦး စိုက်ထုတ်ရမည့် ကုန်ကျစရိတ်များအတွက် ပူပန်ရန်မလိုဘဲ Solar စနစ်တွင် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံနိုင်ပြီး မိမိအိမ်ထောင်စုနှင့် လုပ်ငန်းများ၏ စွမ်းအင်လိုအပ်ချက်ကို ရေရှည် ခိုင်မာစွာ ဖြေရှင်းလိုက်ပါ။

ရိုးမဘဏ် Solar Financing ကို ဘာလို့ရွေးချယ်သင့်လဲ

title-border

အဆင်ပြေသော အရစ်ကျစနစ်

လွယ်ကူသော လုပ်ငန်းစဉ်

စိတ်ကြိုက်ရွေးချယ်နိုင်သော ဆိုလာ ပက်ကေ့ချ်များ

အဆင်ပြေသောချေးငွေကာလများ

လျှပ်စစ်မီတာခ သက်သာခြင်း

ချေးငွေလျှောက်ထားရန်

လုပ်ငန်းသုံး လျှောက်ထားသူများအတွက်


ချေးငွေလျှောက်ထားသူနှင့် ပူးတွဲလျှောက်ထားသူ

  • မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
  • အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ
  • နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
  • လိုင်စင်ဓာတ်ပုံ ၁ ပုံ (ချေးငွေစာရင်း ဖွင့်လှစ်ရန်အတွက်)
  • လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ (အသေးစိတ်ကို အောက်တွင် ကြည့်ရှုပါ)

 

တင်သွင်းရမည့် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ

  • လုပ်ငန်းလိုင်စင်
  • ဝင်ငွေခွန်ပြေစာများ
  • ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ
  • နောက်ဆုံး တစ်နှစ်စာ ဘဏ်စာရင်းရှင်းတမ်း
  • ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်/ ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးမှတ်တမ်း
  • အရောင်းစာရင်းအကျဉ်းချုပ်နှင့် အရောင်းဘောင်ချာများ
requirement
Note

Existing Yoma Bank borrowers (Business or Home Loan) do not need to provide additional collateral and can apply via Cross-Collateralization.

အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

Solar Financing အတွက်

title-border

ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ
ချေးငွေ အမျိုးအစားHire Purchase အမျိုးအစား
ကနဦးပေးသွင်းငွေ*အနည်းဆုံး ၃၀% မှ ၅၀%
အတိုးနှုန်း*၁နှစ်လျှင် ၁၃% (သို့) ၁၅%
ချေးငွေလျှောက်ထားမှု ဝန်ဆောင်ခချေးငွေပမာဏ၏ ၁%
ချေးငွေသက်တမ်း(၁) နှစ်မှ (၃) နှစ်အထိ
အမြင့်ဆုံးထုတ်ချေးနိုင်မည့် ပမာဏ/td>ငွေကျပ် သိန်း ၁,၀၀၀ အထိ (အာမခံပစ္စည်းမပါရှိပါက)
ငွေကျပ် သိန်း ၂,၀၀၀ အထိ (အာမခံပစ္စည်းဖြင့်)
အသုံးပြုနိုင်မည့်ကဏ္ဍများနေအိမ် / စီးပွားရေးလုပ်ငန်း / စိုက်ပျိုးရေး

* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။

မှတ်ချက်။

Solar + Battery + Inverter စနစ် သုံမျိုးလုံးဖြင့် ချေးငွေရယူမည်ဆိုပါက insurance ထားရှိရမည်ဖြစ်သည်။

No.Showroom NameContact Details
၁။Galactic Royal Raysအမှတ်(၂၉/ခ), မေတ္တာလမ်း၊ (၁၁) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း – ၀၉၂၅၀၀၆၅၅၁၂၊ ၀၉၇၄၀၉၇၈၂၂၃၊ ၀၉၉၅၄၂၃၀၄၈၄

Solar Financing နှင့်ပက်သက်၍

မေးလေ့မေးထရှိသောမေးခွန်းများ

title-border

ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး လစဉ်ပုံမှန်ဝင်ငွေရှိသူများ လျှောက်ထားလို့ရပါတယ်။

  • Personal Banking (လူပုဂ္ဂိုလ်များ): ပုံမှန် လစဉ်ဝင်ငွေရှိသော ကုမ္ပဏီ/ဌာနဆိုင်ရာ ဝန်ထမ်းများ သို့မဟုတ် ကိုယ်ပိုင်ဝင်ငွေရှိသူများ။
  • Business / SME Banking (စီးပွားရေးလုပ်ငန်းများ): စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်၊ စတိုးဆိုင်၊ ဆေးရုံ၊ ကျောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း စသည့် လုပ်ငန်းအမျိုးအစားအားလုံးမှ လုပ်ငန်းရှင်များ လျှောက်ထားနိုင်ပါသည်။

အောက်ဖော်ပြပါ Brand အမျိုးအစားများက်ုသာ Hire Purchase အရစ်ကျပေးချေစနစ်ဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ Hire Purchase စနစ်ဖြင့် ဝယ်ယူနိုင်မည့် Solar နှင့် ဆက်စပ်ပစ္စည်းအမျိုးအမည်များ

  • Solar Panel Brands: Jinko, Longi, Huasan, JA, Trina, TW solar, Qcells
  • Battery & Inverter Brands: Deye, SMA, Solis, Growatt, Mitsu, MUST, Sigenergy, SRNE, SANDISOLAR, HWAWEI, DAPA Power, Goodwe, Felicity, Opti-solar, Lux Power, Dyness, LV Topsun, Shark Topsun, Eenovence, Suness

ဆိုလာပြားအပြင် Battery၊ Inverter ကဲ့သို့ ဆက်စပ်ပစ္စည်း စသည့် စနစ် သုံမျိုးလုံးဖြင့် ချေးငွေရယူမည်ဆိုပါက insurance ထားရှိရမည် ဖြစ်သည်။

အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ