POS Payment
POS Payment
POS အသုံးပြု ဒစ်ဂျစ်တယ်ငွေပေးချေမှု
သင့်လုပ်ငန်းအတွက် POS Terminal ဖြင့် MPU, WavePay, Visa, Mastercard အပါအဝင် ဒစ်ဂျစ်တယ်ငွေပေးချေမှုများကို လွယ်ကူစွာလက်ခံနိုင်ပါသည်။ သုံးစွဲသူများအတွက် အဆင်ပြေမှုကို မြှင့်တင်စေပြီး၊ လုံခြုံ၍ ထိရောက်သော ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
သင့်လုပ်ငန်းအတွက် အကောင်းဆုံး ငွေပေးချေမှု စနစ်ကို ရွေးချယ်လိုက်ပါ
အားသာချက်များ


ဒစ်ဂျစ်တယ်ငွေပေးချေမှုများ လွယ်ကူစွာ လက်ခံနိုင်ခြင်း
MPU, QR Payment, Visa, Mastercard တို့ဖြင့် ငွေပေးချေမှုများကို အဆင်ပြေလွယ်ကူစွာ
လက်ခံနိုင်ပါသည်။

QR Payment (On POS) ဖြင့် ငွေပေးချေမှု လွယ်ကူစွာ ပြုလုပ်နိုင်ခြင်း
QR Payment စနစ်ကြောင့် WavePay, Yoma Bank Next Application နှင့် MMQR-Compatible App များကို အသုံးပြုကာ QR ကို Scan ဖတ်ပြီး ပိုမိုလွယ်ကူစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။

လုံခြုံမှုနှင့် အဆင်ပြေမှု
စီးပွားရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချစွာဖြင့် ငွေပေးချေမှုလုပ်ငန်းစဉ်များကို
ပိုမိုလွယ်ကူစေပါသည်။
POS Merchant လျှောက်ထားရန် လိုအပ်ချက်များ
- Merchant စာချုပ် – Merchant Contract ကို လက်မှတ်ရေးထိုး ချုပ်ဆိုရန်။
- Onboarding ဖောင် – Merchant Onboarding Form ကို ပြည့်စုံစွာ ဖြည့်စွက်ရန်။
- စာရင်းရှင်းလင်းမည့် အကောင့် – Yoma Bank Flexi Everyday Account တစ်ခု ဖွင့်လှစ်ရန်။
- WavePay Merchant အကောင့် – QR စနစ်ဖြင့် ငွေပေးချေမှုများ လက်ခံနိုင်ရန် WavePay Merchant Account ဖွင့်လှစ်ရန်။
- အကောင့်ဖွင့်ရန် စာရွက်စာတမ်းများ – မိမိ၏ စီးပွားရေးလုပ်ငန်း အမျိုးအစားအလိုက် (Personal / SME / Corporate) လိုအပ်သော စာရွက်စာတမ်းများ တင်ပြရန်။
- KYM စိစစ်ခြင်း – Know Your Merchant (KYM) လိုအပ်ချက်အရ လိုအပ်သော စာရွက်စာတမ်းများတင်ပြရန် (ဥပမာ – ကုမ္ပဏီလိုင်စင်/ စီးပွားရေးလုပ်ငန်းလိုင်စင်/ RCDC လိုင်စင်)။

POS Payment

SMILE POS သည် ငွေပေးချေမှုလုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူ မြန်ဆန်စေပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များကို အသုံးပြုခြင်းဖြင့် သင့်လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်မှုဆီသို့ တက်လှမ်းစေနိုင်ပါသည်။
POS Payment သည် MPU, QR Payment, Visa နှင့် Mastercard စသည့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများကို တစ်ခုတည်းသော Point of Sale (POS) terminal ဖြင့် လွယ်ကူစွာလက်ခံစေနိုင်သည့်အပြင် QR Payment (On POS) ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။
MMQR စမ်းသပ်ကာလအတွင်း WavePay နှင့် Yoma Bank Next အက်ပလီကေးရှင်းများအပြင် AYA PAY, KBZ PAY, OK$ PAY APP စသည့် အခြား Pay App များကို အသုံးပြုသူများအနေဖြင့် SMILE POS စက်ပေါ်ရှိ QR ကုဒ်ကို Scan လိုက်ရုံဖြင့်ငွေပေးချေမှုများ ဆောင်ရွက်နိုင်ပါသည်။ MMQR စမ်းသပ်ကာလပြီးဆုံးပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) မှ ခွင့်ပြုထားသော အခြား Pay App များကိုလည်း အသုံးပြု၍ SMILE POS ဖြင့် ငွေပေးချေမှုများ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
| အမျိုးအစား | ရရှိနိုင်သော လုပ်ဆောင်ချက်များနှင့် ဖော်ပြချက်များ |
| POS Terminal လုပ်ဆောင်ချက်များ | အဓိက ငွေလွှဲပြောင်းမှုများ – Sales (အရောင်း)၊ Void (ပယ်ဖျက်ခြင်း)၊ Refund (ငွေပြန်အမ်းခြင်း) နှင့် Pre-Authorization (ငွေပမာဏ ကြိုတင်သတ်မှတ်ခြင်း)။ ပြေစာ စီမံခန့်ခွဲမှု – Re-Print (ပြေစာ ပြန်လည်ထုတ်ယူခြင်း)။ စာရင်းညှိနှိုင်းခြင်း – Settlement (စာရင်းပိတ် ရှင်းလင်းခြင်း)။ အစီရင်ခံစာများ – Summary Report (အကျဉ်းချုပ် အစီရင်ခံစာ) နှင့် Detail Report (အသေးစိတ် အစီရင်ခံစာ)။ Cash Out – POS စက်မှတစ်ဆင့် အလွယ်တကူ ငွေသားထုတ်ယူနိုင်ခြင်း။ |
| QR စနစ်ဖြင့် ငွေပေးချေမှုများ | Scan ဖတ်၍ ငွေပေးချေခြင်း – WavePay နှင့် Next App အသုံးပြုသူများသည် POS စက်ပေါ်ရှိ QR code ကို scan ဖတ်၍ ချက်ချင်း ငွေပေးချေနိုင်ခြင်း။ Wave Status စိစစ်ခြင်း – WavePay ဖြင့် ငွေပေးချေမှု အောင်မြင်ခြင်း ရှိ/မရှိကို POS စက်ပေါ်တွင် တိုက်ရိုက် ချက်ချင်း စိစစ်နိုင်ခြင်း။ MMQR စမ်းသပ်ကာလ အသုံးပြုနိုင်မှု – Smile POS မှ ထုတ်ပေးသော QR code ကို AYA PAY, KBZ PAY နှင့် OK$ PAY App များဖြင့်လည်း Scan ဖတ်၍ ငွေပေးချေနိုင်ခြင်း။ |
| Merchant Portal | Real-Time စောင့်ကြည့်ခြင်း – ငွေလွှဲပြောင်းမှု ဖြစ်စဉ်များကို Real-time တိုက်ရိုက် ကြည့်ရှုစစ်ဆေးနိုင်ခြင်း။ အစီရင်ခံစာများ ရယူခြင်း – Merchant Settlement Report များနှင့် ငွေလွှဲပြောင်းမှု ဆန်းစစ်ချက် အစီရင်ခံစာ (Transaction Analysis Reports) များကို အလိုအလျောက် ရယူနိုင်ခြင်း။ Website Link: Merchant Portal |
| ကုန်သည်ဆိုင်ရာ ဝန်ဆောင်မှုနှင့် စာရင်းရှင်းလင်းခြင်း | ကတ်ဖြင့် ငွေပေးချေမှုများ စာရင်းရှင်းလင်းခြင်း – မိနစ် ၃၀ လျှင် တစ်ကြိမ်၊ Same-day (နေ့ချင်းပြီး) သို့မဟုတ် T+1 (နောက်တစ်နေ့) စနစ်များဖြင့် Yoma Bank Flexi Everyday Account သို့ စိတ်ကြိုက် ရွေးချယ် စာရင်းရှင်းလင်းနိုင်ခြင်း။ QR ငွေပေးချေမှုများ စာရင်းရှင်းလင်းခြင်း – QR ဖြင့် ငွေပေးချေမှုများအတွက် Merchant ၏ WavePay Merchant App ထဲသို့ Transaction လုပ်ပြီးသည်နှင့် တပြိုင်နက်တည်း Real-Time Settlement ပြုလုပ်ပေးခြင်း။ အကန့်အသတ်မရှိ ငွေထုတ်ယူနိုင်ခြင်း – Yoma Bank Flexi Everyday Account မှ ငွေသားများကို မည်သည့် အကန့်အသတ်မျှ မရှိဘဲ ထုတ်ယူနိုင်ခြင်း။ အကူအညီပေးရေး ဝန်ဆောင်မှု – Merchant Support Team မှ After Sales Service အနေဖြင့် လိုအပ်သော ၀န်ဆောင်မှုများပေးခြင်း။ |
POS Payment
မေးလေ့မေးထရှိသော မေးခွန်းများ

MPU Card ငွေပေးချေမှုများအတွက် သတ်မှတ်ချက်မှာ Transaction တစ်ကြောင်းလျှင် အများဆုံး သိန်း(၁၀၀) အထိ ဖြစ်ပါသည်။
Visa နှင့် Mastercard များအတွက် သတ်မှတ်ချက်မှာ သက်ဆိုင်ရာ Card Issuer (ကတ်ထုတ်လုပ်သူ ဘဏ်)များ၏ သတ်မှတ်ချက်အတိုင်းသာ ဖြစ်ပါသည်။
POS Merchant ဖြစ်လာစေရန် Merchant Contract စာချုပ်ချုပ်ဆိုရပါမည်။
Merchant မှ ကျသင့်သော MDR% များကို Sale Person မှ ရှင်းပြပေးပါမည်(MPU, Visa, Mastercard, QR) စသည့် MDR % များကို စာချုပ်တွင်လည်း ထည့်သွင်းဖော်ပြပါမည်)။
Merchant Onboarding Form တွင် လိုအပ်သောအချက်အလက်များကို ဖြည့်ရပါမည်။
Yoma Flexi Everyday Account ဖွင့်ရန်လိုအပ်ပါသည်။ Personal (or) Coporate ပေါ်မည်ပြီး လိုအပ်သောစာရွက်စာတမ်းများကို တောင်းခံပါလိမ့်မည်။
Merchant Onboarding ပြုလုပ်ပြီး POS အဆင်သင့်ဖြစ်လျှင် Merchant ထံတွင် မည်သို့အသုံးပြုပုံပြုနည်း နှင့်တကွ လက်တွေ့ Training ပေးပြီး လာရောက်တပ်ဆင်ပေးပါမည်။
POS စက်အတွက် Merchant ဘက်မှ မည်သည့်ကုန်ကျစားရိတ်မျှ ပေးဆောင်ရန် မလိုအပ်ပါ။
MPU Card ဖြင့်ရောင်းချသော အရောင်း Transaction များအတွက် မိနစ် ၃၀ တစ်ခါ Settlement (သို့မဟုတ်) Same Day Settlement ဖြစ်သည့် နေ့စဉ် ည ၁၁ နာရီ တွင် Settlement လုပ်ပေးခြင်း ဝန်ဆောင်မှုတို့ကို Merchant စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ Merchant ရွေးချယ်ထားသော Settlement အမျိုးအစားပေါ်မူတည်ပြီး ကျသင့်သော MDR % ကိုနှုတ်ပြီး အသားတင်ပမာဏကို Merchant ၏ Yoma Bank Flexi Everyday Account ထဲသို့ထည့်သွင်းပေးပါမည်။
Visa နှင့် Mastercard ရောင်းချမှုများအတွက် အရောင်းပြုလုပ်ထားသော Transaction များကို Merchant ဘက်မှ POS Terminal ပေါ်တွင် Settlement ပြုပြုလုပ်အပြီး နောက်တစ်နေ့ရုံးဖွင့်ရက် (T+1) နေ့ တွင် Merchant ၏ Yoma Bank Flexi Everyday Account အတွင်းသို့ ကျသင့်သော MDR % များကိုနှုတ်ပြီး ထည့်သွင်းပေးပါမည်။
QR Payment အရောင်းများအတွက် Merchant အတွက် Account ဖွင့်ထားသော WavePay Merchant App ထဲသို့ အရောင်းပြုလုပ်အောင်မြင်ပြီးသည်နှင့်တပြိုင်နက်တည်း ကျသင့်သော MDR% ကိုနှုတ်ပြီး Real-Time ထည့်သွင်းပေးပါမည်။ ထို့နောက် Merchant မှ ထို Merchant App နှင့် ချိတ်ဆက်ထားသော Yoma Bank Flexi Everyday သို့ လည်း အချိန်မရွေး လွှဲပြောင်းနိုင်ပါသည်။
Merchant သည် Yoma Mobile Banking, Yoma Bank Next App တို့ကို အသုံးပြုပြီး Settlement Amount အား စစ်ဆေးနိုင်ပါသည်။
Merchant များအနေနှင့် Flexi Everyday Account အတွင်းရှိ ငွေကို နီးစပ်ရာဘဏ်ခွဲတွင် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ Real-Time Settlement ပြုလုပ်သော QR Transaction များအတွက်လည်း WavePay Merchant App မှတစ်ဆင့် လည်း တိုက်ရိုက်ကြည့်နိုင်ပြီး လိုအပ်သောReport များကိုလည်းထုတ်ယူနိုင်ပါသည်။
(မှတ်ချက်။ ။ T+1 ပြုလုပ်ပေးသော Settlement များအတွက် Business Working Day (ရုံးဖွင့်ရက်) များတွင်သာ Settlement ပြုလုပ်ပြီး Saturday, Sunday နှင့် Public Holiday များတွင် Settlement ပြုလုပ်မပေးပါ။ ထိုသို့ပိတ်ရက်များအတွက် နောက်တစ်နေ့ရုံးဖွင့်ရက်တွင် ပိတ်ရက်များအတွက်ပါပေါင်းပြီး Settlement ပြုလုပ်ပေးပါမည်။)
လိုအပ်သော Paper Roll များကို ထောက်ပံ့ပေးခြင်း၊
POS စက်တွင်ထည့်သွင်းအသုံးပြုမည့် Sim Card နှင့် Sim Data များကို Merchant ၏ ဆိုင်တည်နေရာပေါ်မူတည်ပြီး ထောက်ပံ့ပေးခြင်းနှင့်
Merchant အတွက် Product Training, POS စက်အသုံးပြုနည်းများ နှင့် WavePay Merchant App အသုံးပြုနည်းများ ထပ်မံလိုအပ်ပါက လည်း Merchant Support Team မှ ပံ့ပိုးပေးပါမည်။
Merchant များအနေဖြင့် မိမိတို့၏ Transaction များကို Merchant Portal ပေါ်တွင် Real-Time အနေဖြင့်လည်းကောင်း Settlement Report, Transaction Analysis Report များကိုလည်း ရယူ ကြည့်ရှုနိုင်ပါသည်။ Merchant ဘက်မှ မည်သည့်အခကြေးငွေမျှပေးဆောင်ရန်မလိုပဲ After Sales Support များကို ရယူနိုင်ပါသည်။
Merchant အတွက် အခက်အခဲများကြုံတွေ့လာရပါက အကူအညီပေးရန် Merchant Support Team အနေနှင့် ရုံးချိန်အတွင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
24/7 အတွက်လည်း Yoma Bank Customer Care Center သို့လည်း ဆက်သွယ်နိုင်ပါသည်။ Yoma Bank Facebook Page Messenger တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Fees & Charges
အောက်ပါလင့်ခ်တွင် ပါရှိသော အချက်အလက်များသည် ရိုးမဘဏ်လီမိတက်မှ ပေးအပ်သော ဝန်ဆောင်မှု အမျိုးမျိုးအတွက် အခကြေးငွေများနှင့် ပတ်သက်၍ သုံးစွဲသူ၏ ရည်ညွှန်းချက် ဖြစ်သည်

ပို့ကုန်ဝန်ဆောင်မှုများ
ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေးချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ

သွင်းကုန်ဝန်ဆောင်မှုများ
ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေး ချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှု နှင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်ပင်ခံ ဝန်ဆောင်မှုများကို လူကြီးမင်း၏ နိုင်ငံတကာသွင်းကုန်


BizSpace Portal
Payroll Portal
Supply Chain Financing