SMART Credit Business
Business Banking > Loans
SMART Credit Business
Business Banking > Loans
SMART Credit Business အကြောင်း
ရိုးမဘဏ်၏ အသေးစားစီးပွားရေး customers များအတွက် လုပ်ငန်းလည်ပတ်ချေးငွေရယူနိုင်မည့် Smart Credit Business သည် ယခင်ရှိထားသော ချေးငွေများကို အချိန်မီပေးချေရုံဖြင့် လုပ်ငန်းတိုးတက်လာသည်နှင့်အညီ ပိုမိုများပြားသောချေးငွေပမာဏကို ရယူနိုင်မည်ဖြစ်ပါသည်။ SMART Credit Business သည် လူကြီးမင်း၏ လုပ်ငန်းတိုးတက်မှုကို ကူညီနိုင်ပြီး အပေါင်ပစ္စည်းများ၊ စာရွက်စာတမ်းကိစ္စများနှင့် အာမခံပေးမည့်သူများ မလိုဘဲ ချေးယူနိုင်မည်ဖြစ်ပါသည်။
SMART Credit Business ကို ဘာလို့ရွေးချယ်သင့်သလဲ?
အားသာချက်များ
လုပ်ငန်းငွေလည်ပတ်သည့်အတိုင်း ချေးငွေတိုးယူနိုင်ခြင်း
အလိုအလျောက် ချေးငွေဆပ်နိုင်ခြင်း
အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာ လျှောက်ထားနိုင်ခြင်း
လက်ငင်းရရှိနိုင်သောချေးငွေ
သင်ဒါတွေသိပြီးပြီလား?
SMART Credit Business အကြောင်း သိကောင်းစရာများ
အများဆုံးချေးငွေသက်တမ်း | ပထမအကြိမ်ချေးငွေအတွက် ၁ လ မှ ၃ လ ထိ၊ နောက်တိုးချေးငွေများအတွက် ၁၂ လ ထိ |
အတိုးနှုန်း | တစ်နှစ်လျှင် ၁၄.၅%* |
* နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။
လစဉ် ချေးငွေ ပြန်လည်ပေးဆပ်ရမည် ဖြစ်ပြီး အရင်း၊ အတိုးနှင့် ဝန်ဆောင်ခများကို ချေးငွေပေးဆပ်ရမည့် နေ့တွင် လူကြီးမင်း၏ Flexi Everyday စာရင်းရှင်စာရင်းမှ အလိုအလျောက် နှုတ်ယူသွားမည် ဖြစ်ပါသည်။
ဝန်ဆောင်ခ | |
ဝန်ဆောင်ခ | ၁% |
ဒဏ်ကြေး (နောက်ကျကြေး) | ပေးရန် ကျန်ရှိနေသောငွေ ပမာဏ၏ ၃.၅% |
SMART Credit Business