ဆောင်ရွက်မှုနည်းလမ်း
Who we are > Governance
ဆောင်ရွက်မှုနည်းလမ်း
Who we are > Governance
ဆောင်ရွက်မှုနည်းလမ်း
ရိုးမဘဏ်၏ လုပ်ငန်းပုံစံ ရေရှည်တည်တံ့ခိုင်မြဲမှုသည် ဘဏ်နှင့် သက်ဆိုင်သူများ (Stakeholder) ၏ လိုအပ်ချက်များနှင့် မျှော်မှန်းချက်များကို နားလည်ပြီး ထိုလိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းနိုင်စွမ်းအပေါ် မူတည်ပါသည်။ ဘဏ်၏ အစုရှယ်ယာရှင်များနှင့် သက်ဆိုင်သူများအတွက် ရေရှည်တန်ဖိုးကို ဖန်တီးပေးနိုင်ရန်မှာ ဒါရိုက်တာအဖွဲ့၏ အဓိက တာဝန်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။
ရိုးမဘဏ်သည် ပတ်ဝန်းကျင်ဆိုင်ရာ (Environmental)၊ လူမှုရေးဆိုင်ရာ (Social) နှင့် အုပ်ချုပ်မှုဆိုင်ရာ (Governance) စသည့် ESG ဆိုင်ရာ ထည့်သွင်းစဉ်းစားချက်များကို ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အသုံးချခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ ဆောင်ရွက်မှုနည်းလမ်း (Sustainability Approach) ကို ပိုမို ခိုင်မာစေပါသည်။ ဘဏ်အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ မူဘောင် (Sustainability Framework) ကို ဆက်လက်တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ တိုးတက်မှုအခြေအနေများကိုလည်း ဘဏ်နှင့် သက်ဆိုင်သူများထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြသွားရန် ကတိကဝတ်ပြုထားပါသည်။
ကျွန်ုပ်တို့၏ Business Model ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲမှု မဟာဗျူဟာ

ကျွန်ုပ်တို့၏ Sustainability Manager
ရိုးမဘဏ်တွင် ရေရှည်တည်တံ့ခိုင်မြဲမှု (Sustainability) နှင့် ESG ဆိုင်ရာ တာဝန်များကို လုပ်ငန်:ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု (Enterprise Risk Management) ဌာနက ကြီးကြပ်ကွပ်ကဲပါသည်။ ERM ၏ ဌာနမှူးသည် သဘာဝပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်း၊ စီမံအုပ်ချုပ်မှုပုံစံနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဘဏ်၏ Sustainability နှင့် သက်ဆိုင်သော လုပ်ငန်းဆောင်ရွက်မှုများကို ဘဏ်တွင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပါသည်။
Our Stakeholders’ Mapping
| အကျိုးစီးပွား ဆက်စပ် ပတ်သက်မှုများ | ပူးပေါင်းဆောင်ရွက်မှုပုံစံ | ပတ်သက်သော အကြောင်းအရာများ |
| အစုရှယ်ယာရှင်များ |
|
|
| စည်းမျဉ်းစည်းကမ်းဆိုင်ရာ တာဝန်ရှိသူများ |
|
|
| ဝန်ဆောင်မှုရယူသူများ |
|
|
| ဝန်ထမ်းများ |
|
|
| စီးပွားဖက်များ |
|
|
| လှုမှုအသိုက်အဝန်း |
|
|
တူညီသောတန်ဖိုးများကို ဖန်တီးခြင်း

BizSpace Portal
Payroll Portal
Supply Chain Financing
