menu
လူကြီးမင်း၏ အသေးစား စီးပွားရေး လုပ်ငန်းကို တိုးတက်စေနိုင်မည့် ကာလတို အရင်းအနှီး
လူကြီးမင်း၏ အသေးစား စီးပွားရေး လုပ်ငန်းကို တိုးတက်စေနိုင်မည့် ကာလတို အရင်းအနှီး
လူကြီးမင်း၏ အသေးစား စီးပွားရေး လုပ်ငန်းကို တိုးတက်စေနိုင်မည့် ကာလတို အရင်းအနှီး
လူကြီးမင်း၏ အသေးစား စီးပွားရေး လုပ်ငန်းကို တိုးတက်စေနိုင်မည့် ကာလတို အရင်းအနှီး

လုပ်ငန်းသုံး စာရင်းပိုထုတ်ချေးငွေ

ရိုးမဘဏ်၏ စာရင်းပိုထုတ်ချေးငွေသည် လုပ်ငန်းရင်းနှီးငွေ လိုအပ်ချက်ကို ချက်ချင်း ဖြည့်ဆည်းပေးမည့် ကာလတို အရင်းအနှီးတစ်ခုဖြစ်သည်။ လူကြီးမင်း ထုတ်ယူအသုံးပြုထားသည့် ချေးငွေ ပမာဏအတိုင်း အတိုးနှုန်းကို နေ့စဉ် တွက်ချက်ပေးပြီး ထုတ်ယူ သုံးစွဲထားသော ငွေကြေးပမာဏ အတွက်သာ ပေးဆောင်ရန်လိုအပ်ပါသည်။


လုပ်ငန်းလည်ပတ်ရန် အရင်းအနှီး လျင်လျင်မြန်မြန်ရနိုင်ခြင်း
စီးပွားရေးလုပ်ငန်းအတွက် ကာလတိုချေးငွေကို လွယ်ကူစွာ ရယူနိုင်ပါသည်။


ချေးငွေ ပမာဏ များများထုတ်ယူနိုင်ခြင်း
မြန်မာကျပ်ငွေ ၁ ဘီလီယံအထိ ချေးငွေရယူနိုင်ပါသည်။


ချေးငွေဆပ်ရာတွင် အဆင်ပြေလွယ်ကူခြင်း
ထုတ်ယူသုံးစွဲသော ချေးငွေအပေါ်တွင်သာ အတိုးနှုန်းပေးရသည့် စနစ်ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်ရာတွင် အရင်းကို ပုံသေပေးဆောင်ရန် မလိုပါ။ *



အတိုးနှုန်း၊ ဝန်ဆောင်ခနှင့် ချေးငွေသက်တမ်း

အများဆုံးချေးငွေသက်တမ်း
၁၂ လ (၁ နှစ်)
အတိုးနှုန်း*
တစ်နှစ်လျှင် ၁ဝ%
 ချေးငွေလျှောက်ထားမှု ဝန်ဆောင်ခ ဝ.၅%
 ချေးငွေအသုံးမပြုလျှင် ပေးဆောင်ရငွေ  ၁%
 သက်တမ်းတိုးကြေး ဝ.၂၅%


*အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး လစဉ် ကောက်ခံပါမည်။


စည်းမျဉ်းစည်းကမ်းများ

keyboard_arrow_down
  • နှစ်စဉ် သီတင်းပတ် နှစ်ပတ်တိတိ စာရင်းပိုထုတ်ချေးငွေ လက်ကျန်ကြွေးမြီပမာဏမှာ သုည ကျပ်ဖြစ်ရမည်။
  • စာရင်းပိုထုတ်ချေးငွေသည် ကာလတိုငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ရွှေ့ပြောင်း၍မရသော ပစ္စည်းများဝယ်ယူရန် အရင်းအနှီးအဖြစ် မသုံးသင့်ပါ။