ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု

Personal Banking > Other Services

ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု

Personal Banking > Other Services

ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု အကြောင်း

မြန်မာ – ထိုင်း နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေ လွယ်ကူစေရန် ရိုးမဘဏ်၏ ဘတ် – ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ရိုးမဘဏ်တွင် ရယူနိုင်ပါပြီ။

ဘတ် - ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ဘာလို့ရွေးချယ်သင့်လဲ?

အားသာချက်များ

title-border

စာရင်းမှ မြန်မာငွေကျပ် ထုတ်ယူရန်အတွက် လုပ်ဆောင်ခ ပေးစရာမလိုပါ။

ရိုးမဘဏ် ချက်လက်မှတ်စာအုပ်

လစဉ် ဘဏ်စာရင်းရှင်းတမ်း

ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်း အချင်းချင်းတိုက်ရိုက်လွှဲပြောင်းလိုပါက လုပ်ဆောင်ချက်တစ်ကြောင်းလျှင် ၁၀၀ ဘတ် ကောက်ခံပါမည်။

လျှောက်ထားရန် လိုအပ်ချက်များ

Business Customer

  • ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
  • နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
  • ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
  • သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
  • ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
  • သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
  • မြန်မာကုန်သည်ကြီးများအသင်း၀င်မှတ်တမ်း (လိုအပ်ပါက)
  • တရား၀င်ကိုယ်စားလှယ်လွှဲစာ၊ ပြေစာနှင့် အရောင်းအ၀ယ်စာချုပ် (ကိုယ်စားလှယ်ပါ၀င်ပါက)
  • ဘဏ်စာရင်းဖွင့်လှစ်မှု – ကျပ် ၁၀,၀၀၀
  • ကနဦးအပ်နှံငွေ (လက်ရှိတွင် ကင်းလွတ်ခွင့်ပေးထားပါသည်)
requirement

သင်ဒါတွေသိပြီးပြီလား?

ဘတ် - ကျပ် ငွေပေးချေခြင်း
၀န်ဆောင်မှုအကြောင်း သိကောင်းစရာများ

title-border

  • ရန်ကုန်ပင်မဘဏ်ခွဲ
  • မြဝတီဘဏ်ခွဲ
  • မူဆယ် ဘဏ်ခွဲ
  • မန္တလေးပင်မဘဏ်ခွဲ
  • ဘုရင့်နောင်ဘဏ်ခွဲ
  • လှိုင်သာယာဘဏ်ခွဲ
  • ရန်ကင်းဘဏ်ခွဲ
  • ရွှေပြည်သာဘဏ်ခွဲ
  • မြောက်ဥက္ကလာပ (သီရိရတနာ) ဘဏ်ခွဲ
  • မြိတ်ဘဏ်ခွဲ
  • ဘားအံဘဏ်ခွဲ
  • တောင်ဒဂုံဘဏ်ခွဲ
  • နေပြည်တော်ဘဏ်ခွဲ
  • သာကေတဘဏ်ခွဲ
  • တောင်ကြီးဘဏ်ခွဲ
  • လားရှိုးဘဏ်ခွဲ
  • မော်လမြိုင်ဘဏ်ခွဲ
မှတ်ချက်

ဘတ် – ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှုကို ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် Business Customer များသာ ရယူနိုင်ပါသည်။

ရရှိမည့် လုပ်ငန်းအမျိုးအစားများမှာ

  • နိုင်ငံခြားငွေ (ထိုင်းဘတ်) ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်း
  • ချက်လက်မှတ်စာအုပ်ရယူနိုင်ခြင်း
  • Telegraphic Transfer (TT) ဖြင့် ထိုင်းနိုင်ငံရှိ မည်သည့်ဘဏ်နှင့်မဆို မိမိ၏ ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်းမှ ငွေလွှဲ၊ ငွေပို့ပြုလုပ်နိုင်ခြင်း
  • Letter of Credit (LC), Document of Acceptance (DA), Document against Payment (DP) စသည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ ရယူနိုင်ခြင်း
  • ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်း အချင်းချင်း တိုက်ရိုက် လွှဲပြောင်းနိုင်ခြင်း
  • နေ့စဉ် ငွေလွှဲနှုန်းပေါ် မူတည်၍ မြန်မာ‌ကျပ်ငွေ ထုတ်ယူနိုင်ခြင်း တို့ဖြစ်ပါသည်။

တခြား ဘဏ်ဝန်ဆောင်မှုအမျိုးအစားများ