ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု
Personal Banking > Other Services
ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု
Personal Banking > Other Services
ဘတ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု အကြောင်း
မြန်မာ – ထိုင်း နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေ လွယ်ကူစေရန် ရိုးမဘဏ်၏ ဘတ် – ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ရိုးမဘဏ်တွင် ရယူနိုင်ပါပြီ။
ဘတ် - ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
စာရင်းမှ မြန်မာငွေကျပ် ထုတ်ယူရန်အတွက် လုပ်ဆောင်ခ ပေးစရာမလိုပါ။
ရိုးမဘဏ် ချက်လက်မှတ်စာအုပ်
လစဉ် ဘဏ်စာရင်းရှင်းတမ်း
ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်း အချင်းချင်းတိုက်ရိုက်လွှဲပြောင်းလိုပါက လုပ်ဆောင်ချက်တစ်ကြောင်းလျှင် ၁၀၀ ဘတ် ကောက်ခံပါမည်။
လျှောက်ထားရန် လိုအပ်ချက်များ
Business Customer
- ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
- နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
- ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
- သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
- ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
- မြန်မာကုန်သည်ကြီးများအသင်း၀င်မှတ်တမ်း (လိုအပ်ပါက)
- တရား၀င်ကိုယ်စားလှယ်လွှဲစာ၊ ပြေစာနှင့် အရောင်းအ၀ယ်စာချုပ် (ကိုယ်စားလှယ်ပါ၀င်ပါက)
- ဘဏ်စာရင်းဖွင့်လှစ်မှု – ကျပ် ၁၀,၀၀၀
- ကနဦးအပ်နှံငွေ (လက်ရှိတွင် ကင်းလွတ်ခွင့်ပေးထားပါသည်)
သင်ဒါတွေသိပြီးပြီလား?
ဘတ် - ကျပ် ငွေပေးချေခြင်း
၀န်ဆောင်မှုအကြောင်း သိကောင်းစရာများ
- ရန်ကုန်ပင်မဘဏ်ခွဲ
- မြဝတီဘဏ်ခွဲ
- မူဆယ် ဘဏ်ခွဲ
- မန္တလေးပင်မဘဏ်ခွဲ
- ဘုရင့်နောင်ဘဏ်ခွဲ
- လှိုင်သာယာဘဏ်ခွဲ
- ရန်ကင်းဘဏ်ခွဲ
- ရွှေပြည်သာဘဏ်ခွဲ
- မြောက်ဥက္ကလာပ (သီရိရတနာ) ဘဏ်ခွဲ
- မြိတ်ဘဏ်ခွဲ
- ဘားအံဘဏ်ခွဲ
- တောင်ဒဂုံဘဏ်ခွဲ
- နေပြည်တော်ဘဏ်ခွဲ
- သာကေတဘဏ်ခွဲ
- တောင်ကြီးဘဏ်ခွဲ
- လားရှိုးဘဏ်ခွဲ
- မော်လမြိုင်ဘဏ်ခွဲ
ဘတ် – ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှုကို ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် Business Customer များသာ ရယူနိုင်ပါသည်။
ရရှိမည့် လုပ်ငန်းအမျိုးအစားများမှာ
- နိုင်ငံခြားငွေ (ထိုင်းဘတ်) ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်း
- ချက်လက်မှတ်စာအုပ်ရယူနိုင်ခြင်း
- Telegraphic Transfer (TT) ဖြင့် ထိုင်းနိုင်ငံရှိ မည်သည့်ဘဏ်နှင့်မဆို မိမိ၏ ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်းမှ ငွေလွှဲ၊ ငွေပို့ပြုလုပ်နိုင်ခြင်း
- Letter of Credit (LC), Document of Acceptance (DA), Document against Payment (DP) စသည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ ရယူနိုင်ခြင်း
- ရိုးမဘဏ် ဘတ်ငွေဘဏ်စာရင်း အချင်းချင်း တိုက်ရိုက် လွှဲပြောင်းနိုင်ခြင်း
- နေ့စဉ် ငွေလွှဲနှုန်းပေါ် မူတည်၍ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ခြင်း တို့ဖြစ်ပါသည်။