ယွမ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု
Business Banking > Other Services
ယွမ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှု
Business Banking > Other Services
ယွမ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှုအကြောင်း
မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေ လွယ်ကူစေရန် ရိုးမဘဏ်၏ ယွမ် – ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ရိုးမဘဏ် ပင်မဘဏ်ခွဲနှင့် မူဆယ်ဘဏ်ခွဲတွင် ရယူနိုင်ပါပြီ။
ယွမ် - ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
စာရင်းမှ မြန်မာငွေကျပ် ထုတ်ယူရန်အတွက် လုပ်ဆောင်ခ ပေးစရာမလိုပါ။
ရိုးမဘဏ် ချက်လက်မှတ်စာအုပ်
လစဉ် ဘဏ်စာရင်းရှင်းတမ်း
ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်း အချင်းချင်းတိုက်ရိုက်လွှဲပြောင်းလိုပါက လုပ်ဆောင်ချက်တစ်ကြောင်းလျှင် ၃၀ ယွမ် ကောက်ခံပါမည်။ (လွှဲပြောင်းနိုင်သည့် ငွေပမာဏ သတ်မှတ်ထားခြင်းမရှိပါ)
လျှောက်ထားရန် လိုအပ်ချက်များ
Business Customer
- ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်
- နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ
- ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့
- တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ
- သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက)
- ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့်
- အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။)
- ကုမ္ပဏီမှတ်ပုံတင်လက်မှတ်
- သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
- မြန်မာကုန်သည်ကြီးများအသင်း၀င်မှတ်တမ်း (လိုအပ်ပါက)
- တရား၀င်ကိုယ်စားလှယ်လွှဲစာ၊ ပြေစာနှင့် အရောင်းအ၀ယ်စာချုပ် (ကိုယ်စားလှယ်ပါ၀င်ပါက)
- ဘဏ်စာရင်းဖွင့်လှစ်မှု – ကျပ် ၁၀,၀၀၀
- ကနဦးအပ်နှံငွေ (လက်ရှိတွင် ကင်းလွတ်ခွင့်ပေးထားပါသည်)
ယွမ် – ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှုကို တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Business Customer များသာ ရယူနိုင်ပါသည်။
သင်ဒါတွေသိပြီးပြီလား?
ယွမ် - ကျပ် ငွေပေးချေခြင်း ဝန်ဆောင်မှုအကြောင်း သိကောင်းစရာများ
ရရှိမည့် လုပ်ငန်းအမျိုးအစားများမှာ
- နိုင်ငံခြားငွေ (တရုတ်ယွမ်) ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်း
- ချက်လက်မှတ်စာအုပ်ရယူနိုင်ခြင်း
- Telegraphic Transfer (TT) ဖြင့် တရုတ်နိုင်ငံရှိ မည်သည့်ဘဏ်နှင့်မဆို မိမိ၏ ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်းမှ ငွေလွှဲ၊ ငွေပို့ပြုလုပ်နိုင်ခြင်း
- Letter of Credit (LC), Document of Acceptance (DA), Document against Payment (DP) စသည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ ရယူနိုင်ခြင်း
- ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်း အချင်းချင်း တိုက်ရိုက် လွှဲပြောင်းနိုင်ခြင်း
- နေ့စဉ် ငွေလွှဲနှုန်းပေါ် မူတည်၍ မြန်မာကျပ်ငွေ ထုတ်ယူနိုင်ခြင်း တို့ဖြစ်ပါသည်။