ရိုးမဘဏ် 30.3.3 အထူးအစီအစဉ်၏ ကံထူးရှင်များကို ဆုကြီးများ တရားဝင်လွှဲပြောင်းပေးအပ်

News & Activities > သတင်းများ

ရိုးမဘဏ် 30.3.3 အထူးအစီအစဉ်၏ ကံထူးရှင်များကို ဆုကြီးများ တရားဝင်လွှဲပြောင်းပေးအပ်

News & Activities > သတင်းများ

ရိုးမဘဏ် 30.3.3 အထူးအစီအစဉ်၏ ကံထူးရှင်များကို ဆုကြီးများ တရားဝင်လွှဲပြောင်းပေးအပ်

14 December 2023သတင်းများ

ရန်ကုန်၊ဒီဇင်ဘာလ၁၄ရက်။      ။ရိုးမဘဏ်၏ နှစ် (၃၀) ပြည့်အထိမ်းအမှတ် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ရိုးမဘဏ် ဘဏ်ဝန်ဆောင်မှုရယူသူများအတွက်ဘဏ်ငွေစာရင်းအမျိုးအစားအလိုက် အထူးဆုကြီးများ မဲဖောက်ပေးသည့် “30.3.3” အထူးအစီအစဉ်၏ ကံထူးရှင် (၃၆) ဦးကို နိုဝင်ဘာလ (၂၅) ရက်နေ့၌ Junction City တွင် ပွင့်လင်းမြင်သာစွာ  ရွေးချယ်ခဲ့ရာ Flexi Savings Account ၏ ကံထူးရှင် (၃) ဦးကို CITY LOFT တိုက်ခန်းနှင့် Flexi Everyday Account ကံထူးရှင်များကို KIA Cerato ကားသစ်တို့ကို ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ရိုးမဘဏ်ရုံးချုပ်တွင် ကျင်းပခဲ့သည်။

“30.3.3” အထူးအစီအစဉ်သည် ၂၀၂၃ ခုနှစ် မေလ (၁) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၆) လ တိုင်တိုင်ပြုလုပ်ခဲ့သော အစီအစဉ်ဖြစ်သည်။ ရိုးမဘဏ်စာရင်းအပ်ငွေများဖြစ်သော  Flexi Savings Account ၊ Flexi Call Account နှင့် Flexi Everyday Account  များတွင် အနည်းဆုံး (၃) လဆက်တိုက်  သတ်မှတ်ထားသော ပမာဏထက်မနည်း အပ်နှံထားသော စုငွေအပ်နှံသူများ အကျုံးဝင်သည်။ Flexi Everyday Account တွင် အနည်းဆုံး (၃) သိန်းကျပ်၊ Flexi Savings Account တွင် အနည်းဆုံး ငွေကျပ် သိန်း (၃၀)၊ Flexi Call Account တွင် အနည်းဆုံး ငွေကျပ် သိန်း (၃၀) မှစ၍ အပ်နှံနိုင်ပြီး အနည်းဆုံး ရက်ပေါင်း (၉၀) ထားရှိရုံနှင့် လစဉ်အတိုးနှုန်းများကို ခံစားနိုင်မည်သာမက အနာဂတ်အတွက် ခိုင်မာပြီး အကျိုးရှိစေမည့် ဆုကြီးများကိုပါ ခံစားနိုင်စေရန် ရည်ရွယ်ပါသည်။

“30.3.3” အထူးအစီအစဉ်တွင်ပါဝင်သူများအနက်မှ ဆန်ခါတင် (၃၆၀) ဦးကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ရိုးမဘဏ်၏ Official Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ပြသကာ ရွေးချယ်ခဲ့သည်။ ထိုဆန်ခါတင် (၃၆၀) ဦး အနက်မှ ကံထူးရှင် စုစုပေါင်း (၃၆) ဦးကို နိုဝင်ဘာလ (၂၅) ရက်နေ့၌ Junction City တွင်   နောက်ဆုံးအဆင့်ရွေးချယ်ခဲ့ပြီး Flexi Savings Account ကံထူးရှင် (၃) ဦးအတွက် CITY LOFT တိုက်ခန်း (၃) ခန်း၊ Flexi Call Account ကံထူးရှင် (၃၀) ဦးအတွက် ရွှေ (၃) ကျပ်သား ဆုပေါင်း (၃၀) နှင့် Flexi Everyday Account ကံထူးရှင်  (၃) ဦးအတွက် KIA Cerato ကားသစ် (၃) စီးတို့ကို မြန်မာနိုင်ငံအနှံ့အပြားရှိ ရိုးမဘဏ် သုံးစွဲသူ ကံထူးရှင်များက ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သည်။ Flexi Call Account ကံထူးရှင် (၃၀) ဦးအတွက် ရွှေ (၃) ကျပ်သားဆုများကို ရိုးမဘဏ် ဘဏ်ခွဲ အသီးသီးတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

အစီအစဉ်တစ်လျှောက်လုံးတွင် ပွင့်လင်းမြင်သာမျှတမှုရှိစေရန်အတွက် မဲလက်မှတ် (ticket) စနစ်ကို ကျင့်သုံးထားသည်။ အကျုံးဝင်သူများသည် ၎င်းတို့၏ စုငွေပမာဏအပေါ်မူတည်၍ မဲလက်မှတ်အရေအတွက်များ ရရှိနိုင်သည့် အခွင့်အရေးရှိပြီး ရိုးမဘဏ်၏ Official Website တွင် ကိုယ်တိုင်ကိုယ်ကျ မဲလက်မှတ်များကို စစ်ဆေးနိုင်ရန် စီစဉ်ပေးခဲ့သည်။

ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး ယင်းသည် လာမည့်အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းဘဏ်များထဲတွင်  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ပထမဦးဆုံး ပြည်တွင်းဘဏ် တစ်ခုဖြစ်သည်။ Greenwood Capital Private Limited, GIC  မိတ်ဖက်လုပ်ငန်းစုနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအတွက် နော်ဝေနိုင်ငံ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း ဖြစ်သည့် Norfund တို့သည် ရိုးမဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းများအဖြစ် ပါဝင်ထားသည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်ချက်ခိုင်မာမှုနှင့် ရေရှည်တည်တံ့သော အရင်းအနှီးများ တိုးပွားလာစေရန် ကတိကဝတ်များကို သက်သေပြခဲ့သည်။

Share this news on