SMART
SMART အကောင့်သည် ရိုးမဘဏ်၏ SMART ဝန်ဆောင်မှုများအားလုံးကို ရယူနိုင်မည့်
တံခါးပေါက်ပင်ဖြစ်သည်။ SMART အကောင့်ကိုအသုံးပြုပြီး လူကြီးမင်း၏
ငွေကြေးများကို အချိန်မရွေး၊ နေရာမရွေး မိုဘိုင်းဖုန်းမှတစ်ဆင့် အလွယ်တကူ
စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ SMART အကောင့်ဖြင့်ဆိုလျှင်
ဘဏ်ဝန်ဆောင်မှုများကို အလွယ်ကူဆုံးရယူနိုင်ပါပြီ။
၂၄နာရီ အွန်လိုင်းဘဏ်ဝန်ဆောင်မှု
ရိုးမဘဏ်၏
ဒီဂျစ်တယ်ဘဏ်ဝန်ဆောင်မှု အက်ပလီကေးရှင်းကို သုံးပြီး လူကြီးမင်း၏
ဘဏ်အပ်နှံငွေများကို အချိန်မရွေး၊ နေရာမရွေး စီမံခန့်ခွဲနိုင်ပါပြီ။
MPU Debit Card
MPU Debit Card ကို အခမဲ့ရယူပြီး MPU အသုံးပြုနိုင်သည့် အရောင်းဆိုင်များ၊ အွန်လိုင်းရှောပင်းများတွင် ဈေးဝယ်နိုင်ပါပြီ။
အခမဲ့ ငွေလွှဲနိုင်ခြင်း
SMART အကောင့် အချင်းချင်းငွေလွှဲခြင်းအတွက် ဝန်ဆောင်ခမပေးရပါ။
Wave Money နှင့် ချိတ်ဆက်ခြင်း
ယခုလက်ရှိ ချိတ်ဆက်ထားသော SMART အကောင့်ဖြင့် Wave Pay Wallet၏ “Cash In” ဝန်ဆောင်မှုအားအသုံးပြု၍ ငွေလွှဲနိုင်မည်ဖြစ်ပြီး “Cash Out” ဝန်ဆောင်မှုအား အသုံးပြု၍ မရနိုင်တော့ပါ။ လူကြီးမင်းတို့၏ ငွေကြေးအား ပိုမိုအဆင်ပြေစွာ စီမံ့နိုင်ရန် Flexi Everyday Account ဖြင့် ဝန်ဆောင်မှုများအား အပြည့်အဝရယူနိုင်ပါသည်။
ဖုန်းငွေဖြည့်သွင်းခြင်း အပိုဆု
SMART အကောင့်မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်ပါက ၁.၅% လျှော့ဈေး ရယူနိုင်ပါသည်။
အကောင့်ဖွင့်ရန် လိုအပ်ချက်များ
- အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
- မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်မူရင်း တင်ပြရမည်။