ea9505293ea3e4fc5abe76b1f2eae526818621cd-scaled

ကျန်းမာလုံခြုံသော လုပ်ငန်းပတ်ဝန်းကျင်

title-border

ရိုးမဘဏ်၏ We Care Program သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ဘဝအရည်အသွေးနှင့် လုံခြုံမှုကို အဓိကထားသော လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်တွင် ကျွမ်းကျင်ကျန်းမာရေးပညာရှင်များမှ ရုံးတွင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များပေးခြင်း၊ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် စာမေးပွဲခွင့် (၅) ရက်မှ မီးဖွားခွင့် (၁၅၀) ရက်အထိ ပါဝင်သော ခွင့်အမျိုးအစား (၉) မျိုးကို ပေးအပ်ထားသည့်အပြင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များစွာကို အကောင်အထည်ဖော်ထားခြင်းဖြင့် နွေးထွေးလုံခြုံသောလုပ်ငန်းပတ်ဝန်းကျင်ကို တည်ဆောက်ထားပါသည်။

Welfare Benefits

title-border

ကလေးမွေးဖွားခြင်းနှင့် ဆေးရုံတက်ခြင်းဆိုင်ရာ ကျန်းမာရေးအကျိုးခံစားခွင့်များအပြင် လစဉ်ဖုန်းဆက်သွယ်ခေါ်ဆိုမှုများအတွက် ဖုန်းဘေလ်အပါအဝင် များစွာသော အကျိုးခံစားခွင့်များကိုလည်း ထားရှိပေးထားပါသည်။

004-heart
လူမှုဖူလုံရေး အကျိုးခံစားခွင့် (SSB)

ရိုးမဘဏ်ဝန်ထမ်းများသည် အစိုးရဆေးရုံများတွင် ကလေးမီးဖွားစောင့်ရှောက်မှုများအပါအဝင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်များ ရရှိနိုင်ပါသည်။

003-assistance
ရိုးမဘဏ်ဝန်ထမ်းများအတွက် ပံ့ပိုးမှု

ကလေးမွေးဖွားခြင်းနှင့် ဆေးရုံတက်ခြင်းဆိုင်ရာ ကျန်းမာရေးအကျိုးခံစားခွင့်များအပြင် ကရုဏာစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကြေးများကဲ့သို့သော ပံ့ပိုးမှုများကိုလည်း ပေးအပ်ပါသည်။

002-document
ခွင့်ခံစားခွင့်များ

ရိုးမဘဏ်ဝန်ထမ်းများ၏ လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်ပုဂ္ဂလိကဘဝ ဟန်ချက်ညီမျှမှုရှိစေရန် ခွင့်အမျိုးအစား (၉) မျိုး ပေးအပ်ထားပါသည်။

001-heartbeat
ဖုန်းဘေလ်ပံ့ပိုးမှု

ရိုးမဘဏ်ဝန်ထမ်းများ၏ ရုံးတွင်းနှင့် ရုံးပြင် ဖုန်းဆက်သွယ်ခေါ်ဆိုမှုများအတွက် ဖုန်းဘေလ်ပံ့ပိုးမှုများ ရရှိပါသည်။

Leave Entitlements

title-border

လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်ပုဂ္ဂလိကဘဝ ဟန်ချက်ညီမျှမှုရှိစေရန်ခွင့်ရက်အမျိုးအစားများစွာကို စီစဉ်ဆောင်ရွက်ပေးထားပါသည်။

လုပ်သက်ခွင့်

အစမ်းခန့်ကာလအောင်မြင်ပြီးသည့် ရိုးမဘဏ်ဝန်ထမ်းအားလုံး ခံစားခွင့်ရှိပါသည်။

ရှောင်တခင်ခွင့်

အစမ်းခန့်ကာလအတွင်းရှိ ဝန်ထမ်းများလည်း ခံစားခွင့်ရှိပြီး ရုတ်တရက် ကိုယ်ရေးကိုယ်တာအကြောင်းကိစ္စများအတွက် အသုံးပြုနိုင်ပါသည်။

စာမေးပွဲဖြေဆိုခွင့်

စာမေးပွဲအချိန်ဇယား တရားဝင်ထောက်ခံချက်ပြသနိုင်သည့် လုပ်သက် အနည်းဆုံး (၆) လရှိသော ဝန်ထမ်းများ ခံစားခွင့်ရှိပါသည်။

မိဘဖြစ်သူများ ရရှိသောခွင့်

အမျိုးသမီးဝန်ထမ်းများအတွက် မီးဖွားခွင့်နှင့် အမျိုးသားဝန်ထမ်းများအတွက် မီးဖွားပြီး ဇနီးကို ပြုစုစောင့်ရှောက်ခွင့်များ ရှိပါသည်။

Activities

title-border
empowerment-1
Yoma Bank Football Club (YBFC)​

၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော YBFC သည် ရိုးမဘဏ်ရှိ ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ပုံမှန်ကျင်းပသည့် ပြိုင်ပွဲများနှင့် လေ့ကျင့်မှုများမှတစ်ဆင့် ဝန်ထမ်းများသည် ကိုယ်ကာယလှုပ်ရှားမှု ရရှိရုံသာမက ဌာနအသီးသီးနှင့် Yoma Group လက်အောက်ရှိ အခြားအဖွဲ့အစည်းများအကြား ပိုမိုခိုင်မာသော အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများကို တည်ဆောက်ရန် အခွင့်အလမ်းများ ရရှိစေပါသည်။

potential-1
Bi-Monthly Social Hours – Enjoy and Connect​

ရိုးမဘဏ်၏ (၂) လတစ်ကြိမ် ကျင်းပသော Social Hour အစီအစဉ်သည် ဝန်ထမ်းများအနေဖြင့် ပြင်ပမှ လာရောက်ရောင်းချသော အစားအသောက်၊ အလှကုန်နှင့် အိမ်သုံးပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဘဏ်အတွင်းရှိ ဌာနပေါင်းစုံမှ ဝန်ထမ်းများအချင်းချင်း ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

innovation-1
Yoma Family Day – Celebrate Together​

Yoma Group အောက်ရှိ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းအားလုံးအား စုစည်းကာ ပျော်ရွှင်ဖွယ် အချိန်ကောင်းများ ဖြတ်သန်းရင်း ရင်းနှီးမှုများ တည်ဆောက်နိုင်ရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ Yoma Family Day ကို နှစ်သစ်ကူးကာလတွင် ကျင်းပလေ့ရှိပါသည်။ ဤပွဲတွင် Yoma Got Talent ပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကစားနည်းများ၊ စားသောက်ဖွယ်ရာများ ရောင်းချသည့် အစီအစဉ်များ စသည်တို့ ပါဝင်ပြီး Yoma Family Cup ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ကျင်းပလေ့ရှိပါသည်။


Employee Testimonials

title-border

Employee Testimonials

title-border

Employee Testimonials

title-border
Thumbnail - May Paing Soe (3)
play-icon
Thumbnail - Pansy (3)
play-icon
Thumbnail - Moe Kyaw Htun (3)
play-icon