Career at Yoma Bank

Build Your Future With Us

ရိုးမဘဏ်တွင် အတူတကွ လက်တွဲအလုပ်လုပ်ကိုင်ရန် စိတ်အားထက်သန်ပြီး အရည်အချင်းပြည့်ဝသူများကို ရှာဖွေနေပါသည်။ ရိုးမဘဏ်၌ ပိုမိုကောင်းမွန်ပြီး အကျိုးသက်ရောက်မှုရှိသော အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေကာ သင့်အသက်မွေးဝမ်းကြောင်းလမ်းကို ခိုင်မာစွာ တည်ဆောက်ပါ။ ဆန်းသစ်တီထွင်မှု၊ ထူးချွန်ထက်မြက်မှုနှင့် အရည်အသွေးကို အလေးထားသော ဤအဖွဲ့အစည်းတွင် သင်၏အနာဂတ်ကို စတင်ပုံဖော်လိုက်ပါ။

View Open Position How We Hire

0+

Team Members

0+

Branch Locations

Scroll To Explore

How We Hire

title-border
  1. 1
    Application

    ရိုးမဘဏ်၌ အလုပ်လျှောက်ထားနိုင်ရန် သင်၏ အလုပ်လျှောက်လွှာကို ပေးပို့ပါ။

  2. 2
    Getting to know you

    သင်၏ ပညာရေးနောက်ခံ၊ အတွေ့အကြုံနှင့် ရည်မှန်းချက်ပန်းတိုင်များအတွက် မေးမြန်းပါမည်။

  3. 3
    Interview

    အလုပ်ခန့်အပ်မည့် မန်နေဂျာ၊ အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးရပါမည်။

  4. 4
    Assessment

    သင့်လုပ်ငန်းကျွမ်းကျင်မှုများကို ဖော်ထုတ်ပြသရန် လက်တွေ့စစ်ဆေးမှုတစ်ခုကို လုပ်ဆောင်ရပါမည်။

  5. 5
    Offer

    အဆင့်အားလုံး အောင်မြင်စွာ ပြီးမြောက်ပါက သင့်အတွက် ရိုးမဘဏ်မှ အလုပ်ကမ်းလှမ်းချက်ပေးအပ်ပါမည်။

  6. 6
    Onboarding

    သင့်အနာဂတ်အလုပ်အကိုင်ခရီးလမ်းကို ရိုးမဘဏ်နှင့်အတူတကွ စတင်လိုက်ပါ။

Employee Testimonials

title-border

Hear from our people about their journey and growth at Yoma Bank.

ရိုးမဘဏ်ရဲ့ အလုပ်ခန့်အပ်မှုလုပ်ငန်းစဉ်က မြန်ဆန်ပြီး တိကျရှင်းလင်းပါတယ်။ Interview တွေမှာလည်း Professional ဖြစ်သလို နွေးထွေးပြီး ဖော်ရွေမှုရှိတာကြောင့် အလုပ်လျှောက်ထားသူတစ်ယောက်အနေနဲ့ အဆင်ပြေခဲ့တယ်။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရှာဖွေနေသူတိုင်းအတွက် ရိုးမဘဏ်က ရွေးချယ်သင့်တဲ့နေရာတစ်ခုလို့ ပြောလို့ရပါတယ်။

Ko Thu Rein
Hiring Manager

Interview အဆင့်တိုင်းမှာ ရှင်းလင်းပြတ်သားတဲ့ ဆက်သွယ်မှုနဲ့ အချိန်နှင့်တစ်ပြေးညီလမ်းညွှန်မှုတွေက ကျွန်မကို ယုံကြည်မှုပြည့်ဝစေခဲ့တယ်။ ဒီလိုအတွေ့အကြုံကောင်းတွေကြောင့် ရိုးမဘဏ်မှာ အလုပ်လုပ်ကိုင်ဖို့ စိတ်အားထက်သန်စေခဲ့ပါတယ်။

Mi Mya Han Thar Chan
New Joiner

ရိုးမဘဏ်ရဲ့ Talent Acquisition အဖွဲ့က အင်တာဗျူးစဖြေတဲ့အချိန်ကစပြီး ကျွန်တော့်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို လေးစားမှုရှိရှိ ဆက်သွယ်ပြောဆိုပေးခဲ့ပါတယ်။ ရိုးမဘဏ်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး စနစ်တကျလုပ်ကိုင်ပုံတွေက ဝန်ထမ်းတွေကို အမှန်တကယ် တန်ဖိုးထားကြောင်း ပြောပြနေသလိုပါပဲ။

Kaung San Hein
New Joiner

Explore Vacancies at
Yoma Bank

title-border

Senior Application Support Engineer

Apply Now
Technology Yangon

Business Analyst

Apply Now
Technology Yangon

Bancasurrance Business Support

Apply Now
Technology Yangon

Vice President - Financial Regulatory Reporting

Apply Now
Technology Yangon

Officer - Civil Engineer

Apply Now
Internal Audit Yangon

Vice President - Data Analyst

Apply Now
Operations Yangon

ကျန်းမာလုံခြုံသော လုပ်ငန်းပတ်ဝန်းကျင်

ရိုးမဘဏ်၏ We Care Program သည် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ဘဝအရည်အသွေးနှင့် လုံခြုံမှုကို အဓိကထားသော လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ဤအစီအစဉ်တွင် ကျွမ်းကျင်ကျန်းမာရေးပညာရှင်များမှ ရုံးတွင်းနှင့် အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆိုင်ရာအကြံပြုချက်များပေးခြင်း၊ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများကျင်းပခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် စာမေးပွဲခွင့် (၅) ရက်မှ မီးဖွားခွင့် (၁၅၀) ရက်အထိ ပါဝင်သော ခွင့်အမျိုးအစား (၉) မျိုးကို ပေးအပ်ထားသည့်အပြင် လူမှုဖူလုံရေးအကျိုးခံစားခွင့်များစွာကို အကောင်အထည်ဖော်ထားခြင်းဖြင့် နွေးထွေးလုံခြုံသောလုပ်ငန်းပတ်ဝန်းကျင်ကို တည်ဆောက်ထားပါသည်။

Read More

Employee Development

title-border
Internship Programs

Internship Programs

ရိုးမဘဏ်၏ Internship Program များကို လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဤအစီအစဉ်များမှတစ်ဆင့် လူငယ်များသည် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ကော်ပိုရိတ်ယဉ်ကျေးမှုများကို နားလည်သိရှိနိုင်ပြီး ရိုးမဘဏ်၏ အမြဲတမ်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။

Read More
Management Trainee Program

Management Trainee Program

Management Trainee Program သည် ရိုးမဘဏ်၏ အနာဂတ်ခေါင်းဆောင်များကို စနစ်တကျ ပြုစုပျိုးထောင်ရန် ရည်ရွယ်သည့် အထူးအစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံ မများသေးသော်လည်း ပညာရေး၊ အရည်အသွေးနှင့် စိတ်အားထက်သန်မှုများတွင် ထူးချွန်သည့် တက္ကသိုလ်ဘွဲ့ရနှင့် မဟာဘွဲ့ရလူငယ်များအနေဖြင့် နှစ်နှစ်ကြာ ကာလအတွင်း လက်တွေ့လုပ်ငန်းခွင် လေ့လာရေးအခွင့်အလမ်းများ၊ သင်တန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှုများကို ရရှိမည်ဖြစ်ပါသည်။

Read More