ရိုးမဘဏ်တွင် လုပ်ဖော်ကိုင်ဖက်အချင်းချင်း စည်းလုံးခြင်းသည် ရိုးမဘဏ်၏ ဝိသေသလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ရိုးမဘဏ်သည် Customer (ဝန်ဆောင်မှုရယူသူ)၊ Integrity (သမာသမတ်ရှိမှု)၊ Teamwork (ပူးပေါင်းဆောင်ရွက်မှု)၊ Respect (လေးစားမှု)၊ Innovation (တီထွင်ကြံဆမှု) စသည့် အမြုတေတန်ဖိုးများကို အခြေခံကာ သတင်းအချက်အလက်များကို ဝန်ထမ်းများအား အသိပေးခြင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ပေးခြင်းများ ပြုလုပ်ပေးပါသည်။

ဝန်ထမ်းများအား Senior Management မှ ဦးဆောင်သည့် Town Hall အစည်းအဝေးများ၊ ဌာနဆိုင်ရာ အစည်းအဝေးများနှင့် ရိုးမဘဏ်၏ Internal Social Platform ဖြစ်သည့် Viva Engage တို့မှတစ်ဆင့် ပွင့်လင်းမြင်သာသော ဆက်သွယ်ပြောဆိုမှုများ ပြုလုပ်ရန် အားပေးပါသည်။ ထို့ပြင် ဝန်ထမ်းများအတွက် မျှဝေကျခံပေးထားသည့် Canteen ၊ ဝန်ထမ်းများ အနားယူအပန်းဖြေနိုင်ရန် Recreation Area များ၊ (၂) လတစ်ကြိမ်ပြုလုပ်သည့် Social Hours စျေးရောင်းပွဲများနှင့် ပွဲတော်အလိုက် ကျင်းပသည့် အခမ်းအနားများမှတစ်ဆင့် အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဝန်ထမ်းအချင်းချင်း ချိတ်ဆက်မှုကို အားပေးမြှင့်တင်ပါသည်။ ထိုမျှသာမက ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှားမှုများအတွက် ရိုးမဘဏ်ရုံးချုပ်နှင့် ကပ်လျက်တည်ရှိသော Star City Sports Club တွင် ဝင်ရောက်အသုံးပြုခွင့်ပေးထားပါသည်။ Yoma Group မှ ကျင်းပသော အားကစားပွဲများနှင့် အခြားသော အဖွဲ့လိုက်လှုပ်ရှားမှုများတွင်လည်း ရိုးမဘဏ်မှ အမြဲတစေ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

Activities

title-border
YBFC_790-460
Yoma Bank Football Club (YBFC)​

၂၀၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော YBFC သည် ရိုးမဘဏ်ရှိ ဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ပုံမှန်ကျင်းပသည့် ပြိုင်ပွဲများနှင့် လေ့ကျင့်မှုများမှတစ်ဆင့် ဝန်ထမ်းများသည် ကိုယ်ကာယလှုပ်ရှားမှု ရရှိရုံသာမက ဌာနအသီးသီးနှင့် Yoma Group လက်အောက်ရှိ အခြားအဖွဲ့အစည်းများအကြား ပိုမိုခိုင်မာသော အသင်းအဖွဲ့စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းများကို တည်ဆောက်ရန် အခွင့်အလမ်းများ ရရှိစေပါသည်။

Happy hour_2_790px 460px
Bi-Monthly Social Hours – Enjoy and Connect​

ရိုးမဘဏ်၏ (၂) လတစ်ကြိမ် ကျင်းပသော Social Hour အစီအစဉ်သည် ဝန်ထမ်းများအနေဖြင့် ပြင်ပမှ လာရောက်ရောင်းချသော အစားအသောက်၊ အလှကုန်နှင့် အိမ်သုံးပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။ ဤအစီအစဉ်သည် ဘဏ်အတွင်းရှိ ဌာနပေါင်းစုံမှ ဝန်ထမ်းများအချင်းချင်း ရင်းနှီးမှုနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပါသည်။

family-day+790px-460px_2
Yoma Family Day – Celebrate Together​

Yoma Group အောက်ရှိ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းအားလုံးအား စုစည်းကာ ပျော်ရွှင်ဖွယ် အချိန်ကောင်းများ ဖြတ်သန်းရင်း ရင်းနှီးမှုများ တည်ဆောက်နိုင်ရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ Yoma Family Day ကို နှစ်သစ်ကူးကာလတွင် ကျင်းပလေ့ရှိပါသည်။ ဤပွဲတွင် Yoma Got Talent ပြိုင်ပွဲ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကစားနည်းများ၊ စားသောက်ဖွယ်ရာများ ရောင်းချသည့် အစီအစဉ်များ စသည်တို့ ပါဝင်ပြီး Yoma Family Cup ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ကျင်းပလေ့ရှိပါသည်။


1-on-1-_750x500px_2

တစ်ဦးချင်း တွေ့ဆုံဆွေးနွေးခြင်း

ဝန်ထမ်းများသည် မိမိတို့၏ People Leader နှင့် တစ်ဦးချင်း လစဉ်တွေ့ဆုံခြင်းဖြင့် မိမိ၏ စွမ်းဆောင်ရည်နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးနိုင်ပါသည်။ ဤဆွေးနွေးမှုများသည် ဝန်ထမ်းများ၏ စိတ်ကူးအကြံဉာဏ်များ ဖလှယ်ရန်၊ လုပ်ငန်းခွင် တိုးတက်မှုအခြေအနေကို သုံးသပ်ရန်၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသော ကိစ္စရပ်များကို တင်ပြရန်နှင့် တိုးတက်မှု အခွင့်အလမ်းများကို အမြဲတစေ ရှာဖွေလေ့လာရန်အတွက် သီးသန့်နေရာတစ်ခုအဖြစ် ဖန်တီးပေးပါသည်။ ဤတွေ့ဆုံဆွေးနွေးမှုများမှ ဝန်ထမ်းတိုင်း၏ အသံကို နားထောင်ပေးခြင်းဖြင့် Respect (လေးစားမှု)ကို အလေးထားဖော်ဆောင်ပါသည်။

1-on-1-_750x500px_Townhall

ချိတ်ဆက်မှုများ ရှိစေရန်အတွက် Town Hall အစည်းအဝေးများ

ရိုးမဘဏ်၏ ပုံမှန်ကျင်းပသည့် Town Hall အစည်းအဝေးများသည် ဝန်ထမ်းတိုင်းအား အချက်အလက်များ ပြည့်စုံစွာ ရရှိစေရန်၊ အချင်းချင်း ချိတ်ဆက်မှုရှိစေရန်နှင့် ဝန်ထမ်းများ အားလုံးကို ဦးတည်ချက်တစ်ခုတည်းသို့ ရောက်ရှိစေရန်အတွက် ရည်ရွယ်ပါသည်။ ထို Town Hall အစည်းအဝေးများတွင် Senior Management မှ အရေးကြီးသော အကြောင်းအရာများကို မျှဝေခြင်း၊ ဝန်ထမ်းများ၏ အောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခြင်းနှင့် ရှေ့လျှောက် ဦးစားပေးလုပ်ကိုင်မည့် လုပ်ငန်းစဉ်များကို ထုတ်ဖော်ပြောဆိုခြင်းများ ပြုလုပ်ပါသည်။ ထို့ပြင် ရိုးမဘဏ်အနေဖြင့် ဝန်ထမ်းများ သိလိုသည့် မေးခွန်းများကို မေးမြန်းရန်၊ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသော ကိစ္စရပ်များကို တင်ပြရန်နှင့် အကြံပြုချက်များ ပြန်လည်ပေးရန် အားပေးပါသည်။ ဤသို့ပြုလုပ်ခြင်းသည် ရိုးမဘဏ်၏ ပွင့်လင်းစွာ ပြောဆိုနိုင်သော Speak-up Culture ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြီး ဘဏ်တစ်ခုလုံးရှိ ဝန်ထမ်းများအားလုံးကို ပွင့်လင်းမြင်သာမှု ရှိစေပါသည်။

Division All-Hands Meeting

ဝန်ထမ်းတိုင်းနှင့် ချိတ်ဆက်မှု ရှိစေရန်အတွက် ဌာနဆိုင်ရာ အစည်းအဝေးများ

ရိုးမဘဏ်၏ ဌာနဆိုင်ရာ အစည်းအဝေးများ (All-hands Meetings) သည် ပွင့်လင်းမြင်သာမှုရှိပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သဘောထားများကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။ People Leader များသည် နောက်ဆုံးရရှိထားသော အချက်အလက်များကို မျှဝေခြင်း၊ ဝန်ထမ်းများ၏ အောင်မြင်မှုများကို ဂုဏ်ပြုခြင်းနှင့် ဌာနဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို ရှင်းလင်းပြောဆိုခြင်းများ ပြုလုပ်ပါသည်။ ဝန်ထမ်းများအနေဖြင့် သိလိုသည်များကို မေးမြန်းနိုင်ကာ စိတ်ကူးအကြံဉာဏ်များ မျှဝေနိုင်ပြီး အကြံပြုချက်များ ပြန်လည်ပေးအပ်နိုင်ပါသည်။ ရိုးမဘဏ်၏ အမြုတေတန်ဖိုးများအနက် သမာသမတ်ရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဝန်ထမ်းတိုင်း သိရှိနားလည်ခြင်းအားဖြင့် ဌာနတွင်းအစည်းအဝေးများတွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အားကောင်းစေပါသည်။”

EE--People-Business-Partner-at-your-service

သင့်အတွက် People Business Partners ၏ အခန်းကဏ္ဍ

ရိုးမဘဏ်၏ People Business Partners များသည် ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းခွင်ကာလတစ်လျှောက် ဝန်ထမ်းများ၏ အသံကို နားထောင်ပေးခြင်း၊ အကြံဉာဏ်ရယူဆွေးနွေးပေးခြင်းနှင့် ဝန်ထမ်းရေးရာဆိုင်ရာ လိုအပ်သည့် အထောက်အပံ့ပေးခြင်းတို့အတွက် အမြဲတမ်း အဆင်သင့်ရှိနေပါသည်။ ဝန်ထမ်းများအတွက် လုပ်ငန်းပိုင်းဆိုင်ရာ အကြံဉာဏ်များပေးခြင်း၊ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ကူညီပေးခြင်း (သို့မဟုတ်) ဝန်ထမ်းများအတွက် တိုးတက်နိုင်မည့် အခွင့်အလမ်းအသစ်များကို လမ်းညွှန်ပေးခြင်းအားဖြင့်လည်း ၎င်းတို့အား တန်ဖိုးထားခြင်းခံရသည်ဟု ဝန်ထမ်း၏ စိတ်တွင် ခံစားရစေပါသည်။ ထိုသို့ ဝန်ထမ်းတစ်ဦးချင်းစီကို Respect (လေးစားမှု) နှင့် Customer-first (ဝန်ဆောင်မှုရယူသူ) အား ဦးစားပေးသော အတွေးအခေါ်ကို ပြသပေးခြင်းဖြင့် ဝန်ထမ်းများသည် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအတွေ့အကြုံအသစ်များကို ပေးစွမ်းနိုင်မည်ဟု ယုံကြည်ပါသည်။