Mr. John Alan Staley 

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

Team info icon

Position

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

Team info icon

ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

ဇူလိုင်လ ၂၀၂၃

Team info icon

ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ

မရှိ

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

မရှိ

ကိုယ်ရေးအချက်အလက်


Mr. John Alan Staley သည် Finance နှင့် ICT နယ်ပယ်များတွင် ကျယ်ပြန့်သော အတွေ့အကြုံများရှိပြီး တောင်အာဖရိက၊ UK နှင့် Kenya တို့တွင် လုပ်သက်ပေါင်းများစွာဖြင့် ကျင်လည်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ လက်ရှိတွင် ၎င်းသည် ဝါသနာပါသည့် ငွေရေးကြေးရေးနှင့်ဆက်စပ်သည့် ပရောဂျက်အမျိုးမျိုးအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ပေးလျက်ရှိပါသည်။ ယင်းမတိုင်မီ Fairfax Financial Holdings Ltd/ Fairfax Africa Holding တွင် အတိုင်ပင်ခံအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အထိ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် Equity Bank တွင် Chief Operations Officer အဖြစ် ၂၀၀၃/၂၀၀၄ ခုနှစ်များတွင် လုပ်ကိုင်ခဲ့ပြီး၊ တစ်ဖန် ၂၀၀၉ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ Chief Officer – Finance, Innovation and Technology ရာထူးဖြင့် တာဝန်ယူလုပ်ကိုင်ခဲ့ပါ သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တောင်အာဖရိကရှိ အကြီးဆုံးသော un-secured အသေးစားငွေချေး ကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည့် Credit Indemnity (Pty) Ltd (African Bank Investment Limited ၏ လုပ်ငန်းခွဲတစ်ခု) တွင် အမှုဆောင်အရာရှိချုပ်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ ထို့ပြင် ၁၉၉၉ ခုနှစ်မှစတင်၍ Mobile Financial Service တွင်ပါဝင်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်မှစတင်ခဲ့သော Equity Bank များ၏လှုပ်ရှားမှုဖြစ်သည့်  တတိယအဖွဲ့အစည်းကိုအသုံးပြု၍ မိုဘိုင်းလ်ဖုန်းဖြင့် အေးဂျင့်များမှတစ်ဆင့် ငွေသွင်း/ငွေထုတ်ဝန်ဆောင်မှုများပေးဆောင်နိုင်ရန် ကြိုးစားအကောင်အထည်ဖော်မှုကို နောက်ကွယ်မှ အဓိကတွန်းအားပေးခဲ့သူ ဖြစ်ပါသည်။ ၎င်းသည် University of Natal မှ ရူပဗေဒဘာသာရပ်၊ University of Witwatersrand မှ MSc in Applied & Computational Mathematics နှင့် University of South Africa မှ BCompt (Honours) ကို ရရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် Chartered Accountant (SA) ဖြစ်လာခဲ့ပါသည်။