ဦးသိမ်းဝေ @ Serge Pun

အမှုဆောင် ဥက္ကဌ

Team info icon

Position

အမှုဆောင် ဥက္ကဌ

Team info icon

ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

ဇူလိုင်လ ၂၀၂၃

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

FMI * မှ တစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု

Team info icon

ဒါရိုက်တာရာထူးအဖြစ် စာရင်းဝင်အခြားကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ

  • First Myanmar Investment Public Company Limited (Myanmar)
  • Myanmar Thilawa SEZ Holdings Public Co., Ltd (Myanmar)
  • Yoma Strategic Holding (Singapore)
  • Memories Group Pte. Ltd (Singapore)

ကိုယ်ရေးအချက်အလက်


ဦးသိမ်းဝေသည် Serge Pun & Associates (SPA) အုပ်စုကို စတင်တည်ထောင်ခဲ့သူ ဥက္ကဋ္ဌတစ်ဦး ဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံ၏ အစောဆုံး အများပိုင်ကုမ္ပဏီများ အနက်မှ တစ်ခုဖြစ်သည့် First Myanmar Investment Public Company Limited (FMI) နှင့် ၂၀၀၆ ခုနှစ်မှစ၍ Singapore Stock Exchange စာရင်းဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် Yoma Strategic Holdings (YSH) ၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် FMI အား Yangon Stock Exchange တွင် ပထမဆုံး စာရင်း တင်သွင်းနိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၈ ခုနှစ်တွင် Memories Group ကိုလည်း SGX-ST ၏ Catalist Board တွင် စာရင်းတင်သွင်းရာတွင် အခရာဖြစ်ခဲ့ပါသည်။ 

၎င်းသည် နိုင်ငံတကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့် ပတ်သက်ပြီး နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံများစွာရှိထားသူလည်း ဖြစ်ပါသည်။ International Enterprise Singapore for Myanmar ၏ ဂုဏ်ထူးဆောင် စီးပွားရေးကိုယ်စားလှယ် တစ်ယောက်အဖြစ်လည်း ၂၀၀၄ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ၂၀၀၇ ခုနှစ်တွင် Dalian’s CPPCC ၏ အဖွဲ့ဝင်အဖြစ် အပ်နှင်းခံခဲ့ရပါသည်။ The World Economic Forum (WEF) ရှိ Global Agenda Council တွင် ၂၀၁၄-၂၀၁၆ သက်တမ်းကာလအတွင်း ပွင့်လင်းမြင်သာရှိမှုနှင့် အဂတိလိုက်စားမှု ပပျောက်ရေးအဖွဲ့ဝင်လည်း ဖြစ်ပါသည်။ 

* အသေးစိတ်အချက်အလက်များအတွက် FMI 2022 နှစ်ပတ်လည်အစီရင်ခံစာ၊ စာမျက်နှာ ၁၁ တွင် ဖတ်ရှုပါရန်။