ဦးထွန်းမြတ်

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

Team info icon

Position

အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ်သော ဒါရိုက်တာ

Team info icon

ပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

ဇူလိုင်လ ၂၀၂၃

Team info icon

ဒါရိုက်တာအဖြစ် စာရင်းဝင်အခြားကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ

မရှိ

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု (FMI တွင် တစ်သီးပုဂ္ဂလ အစုရှယ်ယာ ၁၄၆၀ စု ပိုင်ဆိုင်သည်)

ကိုယ်ရေးအချက်အလက်


ဦးထွန်းမြတ် သည် ၂၀၀၄ ခုနှစ် အငြိမ်းစားမယူခင်အထိ United Nations Security Coordinator အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထို့အပြင် အီရတ်နိုင်ငံ၏ United Nations Humanitarian Coordinator အဖြစ် (၂) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းတာဝန်များမတိုင်မီတွင် အီတလီနိုင်ငံ ရောမမြို့ အခြေစိုက်   World Food Programme (WFP) တွင် Assistant Secretary General (ASG) အနေနှင့် (၂၂) နှစ်ကြာ စီနီယာရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ 

United Nations တွင် တာဝန်မထမ်းဆောင်မီ Myanmar Five Star Line ရှိ Legal and Insurance Department ၏ ဌာနတာဝန်ခံအဖြစ်လည်း (၁၅) နှစ် ကြာတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ် မှ ၁၉၇၈ ခုနှစ်အထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး  ရန်ကုန်တက္ကသိုလ် ဥပဒေဌာနတွင်လည်း ကထိကအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။  

ရန်ကုန်တက္ကသိုလ်မှ B. Com နှင့် B.L ဘွဲ့များရရှိခဲ့ပြီး  လန်ဒန်ရှိ Chartered Insurance Institute မှ ACII နှင့် University of London ၊ King’s College မှ LLM ကိုလည်း ရရှိထားပါသည်။