ဦးထွန်းမြတ်

ဥက္ကဋ္ဌ

Team info icon

ရာထူး

ဥက္ကဋ္ဌ

Team info icon

နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်

ဇူလိုင်လ ၂၀၂၃

Team info icon

ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ

မရှိ

Team info icon

ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု

FMI မှတစ်ဆင့် တိုက်ရိုက်မဟုတ်သော အကျိုးအမြတ်ပါဝင်မှု (FMI တွင် တစ်သီးပုဂ္ဂလ အစုရှယ်ယာ ၁၄၆၀ စု ပိုင်ဆိုင်သည်)

ကိုယ်ရေးအချက်အလက်


ဦးထွန်းမြတ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရိုးမဘဏ်၏ ဒါရိုက်တာအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိရာထူးမတိုင်မီ ရိုးမဘဏ်သို့ ၂၀၁၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ဘဏ်၏ ဒါရိုက်တာအဖွဲ့တွင် အမှုဆောင်မဟုတ်သောသီးခြားလွတ်လပ်သောဒါရိုက်တာ (Independent Non-Executive Director) တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးထွန်းမြတ်သည် ရိုးမဘဏ်သို့ မဝင်ရောက်မီ ကမ္ဘာ့ကုလသမဂ္ဂ United Nations (UN) တွင် Security Coordinator အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် အီရတ်နိုင်ငံ၊ Baghdad မြို့အခြေစိုက် United Nations (UN) တွင် လူသားချင်းစာနာမှုလုပ်ငန်းပိုင်းဆိုင်ရာ Humanitarian Coordinator အဖြစ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၂  ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းတာဝန်များမတိုင်မီတွင် ၁၉၇၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အီတလီနိုင်ငံ၊ ရောမမြို့အခြေစိုက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Programme (WFP) တွင် (၂၂) နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး D2 ဒါရိုက်တာအဆင့်ဖြစ်သော Director of Logistics နှင့် Director of External Relations စသည့် ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

အဆိုပါ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော United Nations (UN) နှင့် WFP တို့တွင် တာဝန်မထမ်းဆောင်မီ မြန်မာနိုင်ငံ၏ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလိုင်းရှိ ဥပဒရေးရာနှင့်အာမခံဌာနတွင် ဌာနကြီးမှူးအဖြစ်လည်း (၁၅)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် ဥပဒေအကြံပေးအဖြစ်ဆောင်ရွက်ခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာနတွင်လည်း အချိန်ပိုင်းကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဦးထွန်းမြတ်သည် ရန်ကုန်တက္ကသိုလ်မှ Bachelor of Commerce (B.Com) နှင့် Bachelor of Laws (B.L) ဘွဲ့များရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Chartered Insurance Institute မှ Associate of the Chartered Insurance Institute (ACII) နှင့် University of London ၊ King’s College မှ Master of Laws (LLM) ဘွဲ့များကိုလည်း ရရှိထားပါသည်။