ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်တဲ့ မှတ်ပုံတင်အချက်အလက်များ ၊ ဘဏ်အကောင့်အချက်အလက်များသည် သင်တစ်ဦးတည်းနှင့်သာ သက်ဆိုင်သော ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်ပါတယ်။
မသမာသူများသည် ထိုကိုယ်ရေးကိုယ်တာအချက်အလက်များကိုဝယ်ယူ၍ ငွေကြေးဆိုင်ရာ လိမ်လည်လှည့်ဖြားမှုများနှင့် အခြားပြစ်မှုများပြုလုပ်ရာတွင် အသုံးပြုနေပါသည်။ မိမိကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သည့်အတွက်နှင့်မျှ လဲလှယ်အသုံးပြုစေခြင်း၊ အခကြေးငွေဖြင့်ရောင်းချခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
မိမိကိုယ်တိုင်လည်း သတိပြုဆင်ခြင်ပြီး အခြားသူများလည်း သတိပြုနိုင်ဖို့အတွက် ယခုပို့စ်ကို ပြန်လည်မျှဝေပေးသွားကြပါဦးနော်။
မသမာသူတွေထံကို မိမိငွေကြေးနဲ့ကိုယ်ရေးအချက်အလက်တွေ ဆုံးရှုံးမှုမရှိစေဖို့ Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတတွေကို မျှဝေပေးသွားမှာဖြစ်လို့ Yoma Bank Facebook Page ကိုစောင့်ကြည့်ပေးပါ။ မည်သည့်အချိန်တွင်မဆို သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ရပါက ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။



BizSpace Portal
Payroll Portal
Supply Chain Financing





