Home Construction Loan
Personal Banking > ချေးငွေများ
Home Construction Loan
Personal Banking > ချေးငွေများ
Home Construction ချေးငွေ အကြောင်း
ရိုးမဘဏ်၏ Customer များ အတွက် မိမိပိုင်ဆိုင်ထားပြီးသော မြေပေါ်တွင် နေထိုင်ရန် ရည်ရွယ်၍ သော်လည်းကောင်း၊ မြေသီးသန့် ဝယ်ယူပြီး ကိုယ်ပိုင်နေထိုင်ရန် စိတ်ကြိုက်ဒီဇိုင်းဆွဲ ဆောက်လုပ်လိုသော ရည်ရွယ်ချက်ဖြင့် သော်လည်းကောင်း လျှောက်ထားနိုင်သော အိမ်ရာချေးငွေအမျိုးအစား ဖြစ်ပါသည်။
ရိုးမဘဏ် Home Construction ချေးငွေ ကို ဘာလို့ရွေးချယ်သင့်လဲ?
အားသာချက်များ
မြေ နှင့်အတူ အဆောက်အဦ အတွက်ပါ ထပ်ဆင့် ချေးငွေရယူနိုင်ခြင်း
အများဆုံးချေးငွေသက်တမ်း (၂၅) နှစ်အထိ ရယူနိုင်ခြင်း
ဝယ်ယူလိုသည့်မြေတန်ဖိုး၏ ၅၀ % အထိ နှင့် ဆောက်လုပ်မည့်အဆောက်အဦ ကုန်ကျစရိတ်၏ ၇၀% အထိ ချေးငွေရယူနိုင်ခြင်း
ဝယ်ယူမည့် မြေ၏ စာရွက်စာတမ်း ခိုင်မာမှုကို ကျွမ်းကျင်ဥပဒေပညာရှင်များဖြင့် စစ်ဆေးပေးခြင်း
Home Construction ချေးငွေ
လျှောက်ထားရန်လိုအပ်ချက်များ
- မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
- နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
- အလုပ်အကိုင် (သို့) လုပ်ငန်း နှင့်ပတ်သက်သည့်အထောက်အထား
- ဝင်ငွေရရှိသည့်အထောက်အထား
- ဝယ်ယူမည့်မြေအပေါ်တွင် ဆောက်လုပ်မည့် အဆောက်အဉီအမျိုးအစား နှင့် ဆောက်လုပ်မည့်အထပ်
- ခန့်မှန်းသုံးစွဲမည့်စရိတ်၊ ခန့်မှန်းပြီးစီးမည့်အချိန် (ဝယ်ယူပြီး ၁ နှစ် အတွင်းအပြီးဆောက်လုပ်ပေးရပါမည်)
- တခြား မြေပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ
- ကန်ထရိုက်တာနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်း
- ဆောက်လုပ်မည့်အဆောက်အဉီ၏ အသေးစိတ်ပုံစံ (Blueprint)
- အဆောက်အဉီဆောက်လုပ်ရေး ခွင့်ပြုချက်ပါမစ် နှင့် အဆောက်အဉီပြီးစီးချိန်တွင် ရာဖြတ်အစီရင်ခံစာ
- မြေအတွက် ရာဖြတ်အစီရင်ခံစာ နှင့် ရှေ့နေအစီရင်ခံစာ
- အဆောက်အဉီ ၈၀% ပြီးစီးချိန်တွင် အဆောက်အဉီ အတွက် အာမခံပရီမီယံ (နောက်ဆုံး အရစ်ကျ ချေးငွေမချမီ)
လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။
Home Construction Loan
Calculator
Amount
35,000,000.00 MMK 1,000,000,000.00 MMKDuration in years
1year 25yearsInterest Rate
Principal
0
Monthly Payment
Total Interest Payable
သင်ဒါတွေသိပြီးပြီလား?
Home Construction ချေးငွေအကြောင်း သိကောင်းစရာများ
Terms | |
အတိုးနှုန်း | ၁၀% p.a.* |
ချေးငွေပမာဏ | အနည်းဆုံး – ကျပ်သိန်း (၃၅၀) အများဆုံး – ကျပ်သိန်း (၁၀,၀၀၀) |
ချေးငွေသက်တမ်း | အများဆုံး – (၂၅) နှစ် အထိ |
ကနဦး ဝန်ဆောင်ခ | အနည်းဆုံး ၂၅၀,၀၀၀ ကျပ် (သို့) ခွင့်ပြု ချေးငွေပမာဏ ၏ ၁.၅% |
ချေးငွေကာလ သုံးနှစ်အတွင်း အစောပိုင်း ပြန်လည်ပေးဆပ်မှု ဝန်ဆောင်ခ | ကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃% |
မြေဝယ်ယူရန် ကနဉီးပေးသွင်းငွေ | မြေတန်ဖိုး၏ ၅၀% |
အဆောက်အဉီဆောက်ရန် ကနဉီးပေးသွင်းငွေ | ဆောက်လုပ်ရေး ကုန်ကျစရိတ်၏ ၃၀% |
ဝယ်ယူနိုင်သောအများဆုံးမြေအကျယ်အဝန်း | ၄,၈၀၀ စတုရန်းပေ |
တည်ဆောက်နိုင်သည့်အဆောက်အဦအမြင့် | အမြင့်ဆုံး ၃ ထပ်ခွဲ |
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။ |
Home Construction ချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် – ရိုးမဘဏ်မှ အိမ်ရာ ချေးငွေလျှောက်ထားမှုများအတွက် ဖော်ပြထားသည့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ၀န်ဆောင်ခမှလွဲ၍ အခြားသော ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အပိုငွေကြေးများကောက်ခံနေခြင်း မရှိပါ။ အိမ်ရာချေးငွေ အတည်ပြုမှု မြန်ဆန်နိုင်ရန် ပြင်ပလုပ်ငန်းစုများမှတစ်ဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့် သက်ဆိုင်မှု မရှိပါကြောင်းနှင့် ချေးငွေလျှောက်ထားမှုများအတွက် စုံစမ်းမှုများကို ဘဏ်နှင့်သာ တိုက်ရိုက် ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။
Customer သိမှတ်ဖွယ်ရာများ ဖတ်ရှုရန်
Terms & Conditions Apply.
Home Construction Loan ကို ဘာလို့ရွေးချယ်သင့်လဲ?
မေးလေ့မေးထရှိသော မေးခွန်းများ
တစ်ဦးချင်းသုံး ချေးငွေအမျိုးအစားများကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။
ထပ်မံသိရှိလိုပါက ရိုးမဘဏ် Customer Care Center ၉၆၆၂ သို့ ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် အပြာရောင်အမှတ်အသားပါဝင်သော Yoma Bank official facebook page သို့မဟုတ် အနီးဆုံး ရိုးမဘဏ်ခွဲသို့ ဘဏ်ဖွင့်ချိန်အတွင်းသွားရောက်အကူအညီရယူနိုင်ပါသည်။