ဦးကျော်စိုးလင်း
ဒါရိုက်တာ
ရာထူး
ဒါရိုက်တာ
နောက်ဆုံးပြန်လည်ရွေးကောက်တင်မြှောက်သည့်နေ့ရက်
အောက်တိုဘာလ ၂၀၂၄
ဒါရိုက်တာအဖြစ် အခြားစာရင်းဝင်ကုမ္ပဏီများတွင် လက်ရှိတာဝန်ထမ်းဆောင်နေမှုများ
မရှိ
ကုမ္ပဏီတွင် အကျိုးအမြတ်ပါဝင်မှု
မရှိ
Biographical Details
ဦးကျော်စိုးလင်းသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ရိုးမဘဏ်တွင် ဒါရိုက်တာအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပါသည်။ ထို့ပြင် ဘဏ်၏ Chief Executive Officer အဖြစ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ လက်ရှိရာထူးမတိုင်မီ Digital Money Myanmar Ltd (Wave Money) တွင် ဒါရိုက်တာနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအရာရှိချုပ် (Chief Business Officer) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လက်ရှိတွင် Myanmar Payment Union တွင် ဒုတိယဥက္ကဋ္ဌအနေဖြင့် တာဝန်ထမ်းဆောင်နေပြီး Myanmar Credit Bureau ၏ နည်းပညာကော်မတီကိုလည်း ဦးဆောင်လျက်ရှိပါသည်။ ထို့ပြင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သော Myanmar Pay စီမံကိန်းကို အကောင်အထည်ဖော်ရာတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လုပ်ဆောင်လျက်ရှိပြီး Myanmar Digital Economy Association ၏ အမှုဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။ ၎င်းသည် အဆိုပါရာထူးများမတိုင်မီ ရိုးမဘဏ်သို့ ၁၉၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီးနောက် ဘဏ်၏ ဘဏ်ခွဲပိုင်းဆိုင်ရာဘဏ်လုပ်ငန်းအရာရှိချုပ် (Chief Consumer Banking Officer)၊ နည်းပညာပိုင်းဆိုင်ရာအရာရှိချုပ် (Chief Technology Officer)၊ လုပ်ငန်းပိုင်းဆိုင်ရာအရာရှိချုပ် (Chief Operation Officer) ရာထူးများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ဘဏ်၏ သတင်းအချက်အလက်နှင့်နည်းပညာ (IT) ဌာနကို စတင်တည်ထောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။
ဦးကျော်စိုးလင်းသည် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကဏ္ဍနှင့် သတင်းအချက်အလက်နှင့် နည်းပညာ (IT) အပိုင်းတွင် နှစ်ပေါင်း (၃၀) ခန့်ကြာ ပြည်တွင်းနှင့်နိုင်ငံတကာဘဏ်လုပ်ငန်းများ၊ ဆေးရုံစီမံခန့်ခွဲမှုစနစ်များ၊ ထောက်ပံ့ရေးဆက်သွယ်မှုဆိုင်ရာစီမံခန့်ခွဲမှု (Supply Chain Management) နှင့် အခြားစီးပွားရေးကဏ္ဍများတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိပြီး ဘဏ်လုပ်ငန်းလည်ပတ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စီမံကိန်းအုပ်ချုပ်မှု၊ နည်းပညာနှင့် ဆက်သွယ်ရေးစသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါသည်။ ဦးကျော်စိုးလင်း၏ IT အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်၍ ထင်ရှားသောအချက်မှာ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအလိုအလျောက် ဘဏ်လုပ်ငန်း Software ဖြစ်သော “Yoma Integrated Banking System” ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ဦးကျော်စိုးလင်းကို ရန်ကုန်တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒဘာသာရပ် B.Sc. (Hons.) ဘွဲ့နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ သတင်းအချက်အလက်၊ နည်းပညာမဟာသိပ္ပံဘွဲ့ကိုလည်း ရရှိထားပါသည်။