career-page-banner_1

Internship Programs

ရိုးမဘဏ်၏ Internship Program များကို လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဤအစီအစဉ်များမှတစ်ဆင့် လူငယ်များသည် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံနှင့် ကော်ပိုရိတ်ယဉ်ကျေးမှုများကို နားလည်သိရှိနိုင်ပြီး ရိုးမဘဏ်၏ အမြဲတမ်းဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိနိုင်ပါသည်။

career-page-banner_2 (1)

Management Trainee Program

Management Trainee Program သည် ရိုးမဘဏ်၏ အနာဂတ်ခေါင်းဆောင်များကို စနစ်တကျ ပြုစုပျိုးထောင်ရန် ရည်ရွယ်သည့် အထူးအစီအစဉ်တစ်ရပ်ဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံ မများသေးသော်လည်း ပညာရေး၊ အရည်အသွေးနှင့် စိတ်အားထက်သန်မှုများတွင် ထူးချွန်သည့် တက္ကသိုလ်ဘွဲ့ရနှင့် မဟာဘွဲ့ရလူငယ်များအနေဖြင့် နှစ်နှစ်ကြာ ကာလအတွင်း လက်တွေ့လုပ်ငန်းခွင် လေ့လာရေးအခွင့်အလမ်းများ၊ သင်တန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်မှုများကို ရရှိမည်ဖြစ်ပါသည်။

career-page-banner_4 (1)

Podcast Program

ရိုးမဘဏ်၏ Podcast Program သည် ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ပြုလုပ်သော စကားဝိုင်းများကို ရိုက်ကူးတင်ဆက်လျက်ရှိပါသည်။ ဤအစီအစဉ်တွင် ဌာနအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းတာဝန်များ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို မျှဝေခြင်းဖြင့် ရိုးမဘဏ်အတွင်းရှိ အခြားသောဌာနများမှ လုပ်ငန်းတာဝန်များကို အကြမ်းဖျင်း သိရှိနားလည်စေပြီး ပိုမိုကောင်းမွန်သော အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ရည်ရွယ်ပါသည်။

career-page-banner_3

Lead and Grow Program

Lead and Grow Program သည် ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများ မြှင့်တင်ရန် ရည်ရွယ်သည့် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပါဝင်ပါသည်။ ဤအစီအစဉ်ကို Foundational (အခြေခံ) နှင့် Advanced (အဆင့်မြင့်) ဟူ၍ အဆင့်နှစ်ရပ် ခွဲခြားထားပြီး သက်ဆိုင်ရာ ခေါင်းဆောင်များ၏ ဦးဆောင်မှုစွမ်းရည်များ ပိုမိုထက်မြက်လာစေရန် ပို့ချဆွေးနွေးပေးလျက်ရှိပါသည်။

career-page-banner_5

Together We Develop & Grow

ရိုးမဘဏ်သည် ဝန်ထမ်းများ၏ အရည်အချင်းမြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် သင်ယူနိုင်သော ပတ်ဝန်းကျင်ဖန်တီးခြင်းနှင့် လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် “ရိုးမ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန” ကို တည်ထောင်ထားပါသည်။ ဤဌာနသည် –

  • တန်ဖိုးအခြေပြု ယဉ်ကျေးမှု
  • ခေါင်းဆောင်မှု
  • လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု
  • လုပ်ငန်းခွင်အတွင်း ထူးချွန်မှု

ဟူသော အဓိက မဏ္ဍိုင် (၄) ခုပေါ်တွင် အခြေခံကာ သင်ကြားမှုများကို ပို့ချလျက်ရှိပါသည်။

ဤမဏ္ဍိုင်များသည် ဝန်ထမ်းများ၏ လေ့ကျင့်ရေးအစီအစဉ်များအတွက် လမ်းညွှန်ချက်များဖြစ်ပြီး အဖွဲ့အစည်းတစ်ခုလုံး၏ ပူးပေါင်းတာဝန်ယူမှုအဖြစ် ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အောက်ပါအချက်များ ပါဝင်သည့် ၁၀-၂၀-၇၀ သင်ယူမှု ပုံစံကို ကျင့်သုံးလျက်ရှိပါသည်။
(၁၀%) စနစ်တကျပို့ချသည့် သင်တန်းများမှ သင်ယူခြင်း
(၂၀%) အခြားသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းမှ သင်ယူခြင်း
(၇၀%) လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများမှ သင်ယူခြင်း

ဤချဉ်းကပ်မှုမှတစ်ဆင့် ဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုနှင့် အသိပညာများကို ရရှိစေပြီး အဖွဲ့အစည်းအတွင်း စုပေါင်း အောင်မြင်မှုများ ရရှိစေပါသည်။

career-page-banner_6

The Yoma Performance Development Center offers both online

“ရိုးမ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန” သည် ဘက်စုံလေ့လာသင်ယူမှုအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်ရသော သင်တန်းပုံစံနှစ်မျိုးဖြင့် ဝန်ထမ်းအားလုံးအား သင်ကြားပို့ချလျက်ရှိပါသည်။

သင်တန်းများသည် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရန်နှင့် လုပ်ငန်းခွင်စံချိန်စံညွှန်းများနှင့်အညီ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းသား (၄၃,၆၅၈) ဦးအား စုစုပေါင်း (၄၅,၄၄၈) နာရီကြာ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။

ဖွင့်လှစ်လျက်ရှိသော သင်တန်းအစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ဝန်ထမ်းအသစ် မိတ်ဆက်သင်တန်းများ
  • ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ
  • ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး သင်တန်းများ
  • နည်းပညာအခြေပြု သင်ယူမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သင်တန်းများ
  • မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း၏ သင်တန်းများ
career-page-banner_7

Corporate Social Responsibility Program @Step In Step Up

ရိုးမဘဏ်သည် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်ရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ “ရိုးမ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးဌာန” မှတစ်ဆင့် Step-In Step-Up (SISU) Vocational Training Center တွင် အောက်ပါသင်တန်းများကို အောင်မြင်စွာ ပို့ချပေးနိုင်ခဲ့ပါသည်။

  • အထွေထွေဘဏ်လုပ်ငန်း အခြေခံသင်တန်းများ
  • ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများ

ဤသင်တန်းအစီအစဉ်သည် “ရိုးမဘဏ်စာသင်ခန်း” (Yoma Bank Classroom) အစီအစဉ်၏ ပထမဆုံး အစီအစဉ်တစ်ခု ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်နိုင်စေရန် ရည်ရွယ်ပါသည်။