ဒေါ်ဥမ္မာစိန်

Senior Advisor and Chief Compliance Officer

Team info icon

Position

Senior Advisor and Chief Compliance Officer

ကိုယ်ရေးအချက်အလက်


ဒေါ်ဥမ္မာစိန်သည် ရိုးမဘဏ်သို့ ၂၀၁၄ ခုနှစ်စက်တင်ဘာလတွင် စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိတွင် Senior Advisor and Chief Compliance Officer အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ရိုးမဘဏ်မတိုင်မီ ၎င်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) ၏ သုတေသနနှင့် သင်တန်းဌာနတွင် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ CBM တွင် ၎င်းသည် စာရင်းအင်းလက်ထောက်အနေဖြင့် ပထမဆုံး ၀င်ရောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် အငြိမ်းစားယူသည်အထိ (၃၈) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှ ၁၉၉၈ ခုနှစ် (၂) နှစ်တာကာလတွင် IMF ရှိ SEAV အုပ်စု၏ အမှုဆောင်ဒါရိုက်တာ၏ အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် စီးပွားရေးတက္ကသိုလ်မှ B.Econ (MS) ဘွဲ့ရရှိထားသည်။ ၎င်းသည် နှစ်ကာလများစွာ စီးပွားရေးတက္ကသိုလ်နှင့် အမျိုးသား ကာကွယ်ရေးကောလိပ်အပါအ၀င် အခြားသော တက္ကသိုလ်များတွင် သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပြီး သုတေသစာတမ်းများစွာကို ရေးသားခဲ့သည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ညီလာခံများနှင့် ဖိုရမ်များတွင် ဗဟိုဘဏ်ကို ကိုယ်စားပြု ပါဝင်ခဲ့သည်။ ၎င်းသည် ၂၀၀၂ခုနှစ် ငွေကြေးခဝါချမှုထိန်းချုပ်ရေးဥပဒေကို ရေးဆွဲသော မူကြမ်းရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်း ဖြစ်ပါသည်။