Mr. Anthony Tan

Chief Risk Officer

Team info icon

Position

Chief Risk Officer

ကိုယ်ရေးအချက်အလက် 


Mr. Anthony Tan သည် ဝါရင့် အပြည်ပြည်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေး အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးဆိုင်ရာ အရာရှိချုပ် (Chief Risk Officer) အဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ရိုးမဘဏ်သို့ ဝင်ရောက်ခဲ့ပါသည်။ အာရှဒေသရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဘဏ်လုပ်ငန်းများမှရရှိခဲ့သော မဟာဗျူဟာမြောက် ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲမှုနည်းပညာများကို ဘဏ်သို့ ယူဆောင်လာခဲ့သူလည်း ဖြစ်ပါသည်။ ရိုးမဘဏ်သို့ မဝင်ရောက်မီ အာရှ ပစိဖိတ်နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး စင်တာများတွင် ထင်ရှားသောကွန်ရက်ရှိသည့် ANZ  သြစတြေးလျဘဏ်နှင့်အတူ (၁၇) နှစ်ကျော် အတွေ့အကြုံရှိခဲ့ပြီး၊ စီမံကိန်းဘဏ္ဍာရေး၊ ဝယ်ယူမှုဘဏ္ဍာရေး၊ ပို့ကုန်ဘဏ္ဍာရေးနှင့် ပိုင်ဆိုင်မှုဆိုင်ရာဘဏ္ဍာရေးတို့ကို မြှင့်တင်နိုင်ရေး အစရှိသည့်ရှုပ်ထွေးသော ချေးငွေဆိုင်ရာကိစ္စရပ်များအတွက် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင်  ၎င်းသည် သြစတြေးလျ၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊  ဗီယက်နမ်နှင့်အင်ဒိုနီးရှား အစရှိသည့် ဈေးကွက်အများအပြားတွင် ဆုံးရှုံးနိုင်ခြေကို စီမံခန့်ခွဲသည့် အကြီးတန်း ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၎င်း၏ အဓိကစီမံကိန်းများမှာ ရည်ရွယ်ထားသောဘဏ်များကို M&A Due Diligence လုပ်ခြင်း၊ ဝယ်ယူထားသော စီးပွားရေးလုပ်ငန်းများကို ပေါင်းစည်းခြင်း၊ ဈေးကွက်သစ်များတွင် Consumer Finance Risk Management ကို မိတ်ဆက်ခြင်း၊ Leading Country Basel အကောင်အထည်ဖော်သည့်အစီအစဉ်တို့ ဖြစ်ပါသည်။