ဦးဘမောင်စိန်

Chief Executive Officer

Team info icon

Position

Chief Executive Officer

ကိုယ်ရေးအချက်အလက် 


ဦးဘမောင်စိန်သည် အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်၍ တာဝန်ယူခဲ့ပါသည်။ ၎င်းသည် ရိုးမဘဏ်သို့ ၂၀၁၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီးနောက် CEO ရာထူးမတိုင်မီ Chief Operation Officer ၊ Head of Branch Banking ၊ Head of Credit Risk နှင့် Deputy Head of Corporate Credit ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အနေဖြင့် Underwriter အဖြစ် စတင်ခဲ့ပြီး အမေရိကန်နှင့် ကနေဒါနိုင်ငံများရှိ Insurance ၊ Retail ၊ Manufacturing နှင့် Information Technology လုပ်ငန်းကဏ္ဍအသီးသီးတွင် Operation ၊ ဘဏ္ဍာရေးနှင့် အတိုင်ပင်ခံရာထူးများကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ၎င်းသည် အမေရိကန်နိုင်ငံ၊ The University of Texas at Austin မှ Bachelor of Business Administration in Finance နှင့် ကနေဒါနိုင်ငံ McGill University မှ Master of Business Administration ဘွဲ့များကို ရရှိထားပါသည်။