ဦးကျော်ခိုင်ဝင်း

Chief Financial Officer

Team info icon

Position

Chief Financial Officer

ကိုယ်ရေးအချက်အလက်


ဦးကျော်ခိုင်ဝင်းသည်  ရိုးမဘဏ်တွင် လက်ရှိ Chief Financial Officer ရာထူးဖြင့် တာဝန်မထမ်းဆောင်မီတွင် Financial Planning and Analysis ဌာန၏ Deputy Head အဖြစ် ၂၀၁၇ခုနှစ် အောက်တိုဘာလတွင် စတင်ဝင်ရောက်ခဲ့ပါသည်။  ရိုးမဘဏ်တွင် တာဝန်မထမ်းဆောင်မီ ၎င်းသည် ပြည်တွင်းကုမ္ပဏီများနှင့် Multinational Corporations (MNC) များ၏ စာရင်းကိုင်၊ စာရင်းစစ်နှင့် FP&A အပိုင်းတို့တွင် အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိခဲ့ပါသည်။ ရိုးမဘဏ်တွင် တာဝန်ထမ်းဆောင်နေစဉ် ၎င်းသည် FP&A ဌာနကို ဖွဲ့စည်းတည်ထောင်ခြင်း၊ စီးပွားရေးလုပ်ငန်းယူနစ်များ ဖွံ့ဖြိုးမှုအတွက်ပံ့ပိုးပေးခြင်း၊ ဌာနတွင်း ထိန်းချုပ်မှုများ ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းခြင်းနှင့် Asset-Liability Committee (ALCO) ၏ အတွင်းရေးမှူးအဖြစ်တို့ကို လုပ်‌ဆောင်ခဲ့ပါသည်။ University of Northampton မှ Master of Business Administration နှင့် Oxford Brookes University မှ B.Sc (Hons) in Applied Accounting ကို ရရှိထားသူဖြစ်ပါသည်။