Home > About Us

About Us

Premier Banking by Yoma Bank

လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မီရန်အတွက် အထူး ဂရုစိုက်မှု၊ အလေးပေးမှုနှင့် ခမ်းနားထည်ဝါသော ဝန်ဆောင်မှုများကို ဆောင်ကြဉ်းပေးမည့် ရိုးမဘဏ် ၏ Premier Banking မှ နွေးထွေးစွာကြိုဆိုပါသည်။

ရိုးမဘဏ် ၏ Premier Banking နှင့်အတူ လက်တွဲကာ သမားရိုးကျဘဏ်ဝန်ဆောင်မှုများထက် သာလွန်ကောင်းမွန်သော အထူးဝန်ဆောင်မှုများနှင့် ကတိကဝတ်များ၏ အသီးအပွင့်ကို ထိုက်ထိုက်တန်တန် ရယူနိုင်ပါပြီ။

ကျွန်ုပ်တို့၏ တည်ရှိမှုသည် ဘဏ်ဝန်ဆောင်မှုတစ်ခုတည်းအတွက်သာ မဟုတ်ဘဲ လူကြီးမင်း၏ ဘဏ္ဍာရေးအခြေအနေ တိုးတက်ရေးနှင့် ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် ယုံကြည်စိတ်ချစွာ လက်တွဲနိုင်သည့် မိတ်ဖက်လည်း ဖြစ်ပါသည်။

Relationship Management

ရိုးမဘဏ်သည် တန်ဖိုးထားရသော Premier Banking Customer များနှင့် ခိုင်မြဲသော ဆက်ဆံရေး တည်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိသည်။

ကျွန်ုပ်တို့၏ အတွေ့အကြုံပြည့်ဝသော Relationship Manager များသည် လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာ မျှော်မှန်းချက်များနှင့် လိုအပ်ချက်များကို ကောင်းစွာနားလည်သည့်အတွက် လိုအပ်သော ဝန်ဆောင်မှုများပေးအပ်နိုင်စေရန် အနီးကပ် လက်တွဲဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လူကြီးမင်းနှင့် အမြဲပုံမှန်ဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ်ပြီး တက်တက်ကြွကြွ ဦးဆောင်ဦးရွက်ပြုခြင်းဖြင့် လူကြီးမင်း၏ ဘဏ္ဍာရေးအောင်မြင်မှုများဆိုင်ရာ ကတိကဝတ်များကို ကျွန်ုပ်တို့ထံ မျှော်လင့်နိုင်ပါသည်။

Relationship Management
Premier Banking ၏
Premier Banking ၏

ခံစားခွင့်များနှင့် ဝန်ဆောင်မှုများ