Home > Premier Executive Lounges

Premier Executive Lounges

Premier Executive Lounges

ကျွန်ုပ်တို့၏ Premier Executive Lounge များတွင် လူကြီးမင်း၏ ဘဏ္ဍာရေးဆိုင်ရာ မျှော်မှန်းချက်များကို ပြည့်မီသည်ထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်စေမည်မှာ အသေအချာပင်ဖြစ်သည်။

ခမ်းနားထည်ဝါမှုရှိပြီး သက်သောင့်သက်သာရှိစွာ ဝန်ဆောင်မှုယူနိုင်စေရန် အထူးတလည် ဖန်တီးထားသော ကျွန်ုပ်တို့၏ Premier Executive Lounge များတွင် လူကြီးမင်းအား သီးသန့်ဝန်ဆောင်မှုပေးမည့် Relationship Manager နှင့်အတူ အကျိုးရှိသော တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်နိုင်ပါသည်။

ဘဏ်ခွဲတိုင်းတွင် ရယူနိုင်သော ဦးစားပေးဘဏ်ဝန်ဆောင်မှုစနစ် (Priority Banking) – ‘The PREMIER CLUB’ အဖွဲ့ဝင်များသည် ရိုးမဘဏ် ဘဏ်ခွဲတိုင်းတွင် မြန်ဆန်ချောမွေ့သော ဦးစားပေး ဘဏ်ဝန်ဆောင်မှုများကို ရယူနိုင်သည်။

မြန်ဆန်ချောမွေ့ပြီး လုံခြုံမှုအားကောင်းသော ဘဏ်ဝန်ဆောင်မှုများ- လူကြီးမင်းအတွက် အထူးစီစဉ်ထားသည့် Executive Lounge များတွင် မြန်ဆန်ချောမွေ့သော ဝန်ဆောင်မှုများ အတွေ့အကြုံကောင်းများကို တစ်ကိုယ်ရည်လုံခြုံမှုအပြည့်အဝဖြင့် ရယူနိုင်ပါပြီ။

လူကြီးမင်းကို အမြဲကြိုဆိုလျက်ရှိသော
လူကြီးမင်းကို အမြဲကြိုဆိုလျက်ရှိသော

Premier Executive Lounge များ

Yangon Executive Lounge <br/>(Governor’s Residence)
Yangon Executive Lounge
(Governor’s Residence)

ခမ်းနားထည်ဝါပြီး ရှေးဟောင်းအမွေအနှစ်များတည်ရှိရာ ကျွန်ုပ်တို့၏ Yangon Executive Lounge သို့ ကြွလှမ်းရန် ဖိတ်ခေါ်ပါသည်။ ၎င်းသည် ၁၉၂၀ ခုနှစ်ကတည်းက ရန်ကုန်မြို့၊ တော်ဝင်လမ်းရှိ သံရုံးများ စုစည်းတည်ရှိရာ သမိုင်းဝင်နေရာတွင် ခမ်းနားထည်ဝါစွာ တည်ရှိသည်။

Mandalay Executive Lounge <br/>(Mingalar Mandalay Hotel)
Mandalay Executive Lounge
(Mingalar Mandalay Hotel)

မန္တလေးမြို့၏ အချက်အချာနေရာတွင် တည်ရှိသော ကျွန်ုပ်တို့၏ Mandalay Executive Lounge သို့ ကြွလှမ်းရန် ဖိတ်ခေါ်ပါသည်။ တစ်မူထူးခြားသော ဝန်ဆောင်မှုများကို စုံလင်လှသော စားသောက်ဖွယ်ရာများနှင့်အတူ စီးမျောလိုက်ပါရင်း ခမ်းနားသော အစည်းအဝေးခန်းမများကိုလည်း စိတ်တိုင်းကျ အသုံးပြုနိုင်မည် ဖြစ်ပါသည်။