ရိုးမဘဏ် ကိုယ်စားလှယ်ဘဏ်လုပ်ငန်း (Agent Banking) တည်ရှိရာနေရာတွေမှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း စတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ရယူနိုင်မှာဖြစ်ပါတယ်။
ရိုးမဘဏ်ရဲ့ Agent Banking ဝန်ဆောင်မှုတွေကို ရယူသင့်တဲ့ အဓိကအကြောင်းရင်းတွေကတော့ –
✅ အချိန်ကုန် လူပင်ပန်းသက်သာစေတယ်။
မိသားစုအတွက် ဈေးဝယ်ထွက်ရင်းဖြစ်ဖြစ်၊ အပြင်မှာ အပန်းဖြေရင်းဖြစ်ဖြစ် ဘဏ်ကိစ္စတွေကို အချိန်မပေးရဘဲ တစ်ခါတည်း လုပ်ဆောင်နိုင်ပါတယ်။
✅ လွယ်ကူမြန်ဆန်စေတယ်။
အနီးအနားက နေရာတွေမှာတင် ရိုးမဘဏ်ရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို တန်းစီစောင့်ဆိုင်းစရာမလိုဘဲ လွယ်ကူလျင်မြန်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။
✅ SMS အသိပေးစနစ်ကြောင့် စိတ်ချရတယ်။
ငွေသွင်း၊ ငွေထုတ်လုပ်ငန်းစဉ်ပြုလုပ်ပြီးတိုင်း သင့်ဖုန်းထဲကို SMS အသိပေးချက် ချက်ချင်းရောက်လာမှာဖြစ်လို့ လုံခြုံမှုအတွက် ၁၀၀% စိတ်အေးရပါတယ်။
နေ့စဉ်လူနေမှုဘဝကို ပိုမိုလွယ်ကူသွားစေမဲ့ ရိုးမဘဏ်ရဲ့ Agent Banking ဝန်ဆောင်မှုများကို ရယူလိုက်ပါ။
Agent Banking ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်ကို ယခုလင့်ခ် https://ymbank.co/agent-banking တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂
Yoma Bank ATMs & Branches – http://ymbank.co/locations



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





