မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့ တွေ့ဆုံမေးမြန်းသည့် မေးခွန်းနှင့်အဖြေများ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့ တွေ့ဆုံမေးမြန်းသည့် မေးခွန်းနှင့်အဖြေများကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။
၁။ မေး လူမှုကွန်ယက်စာမျက်နှာများတွင် ပုဂ္ဂလိကဘဏ်များ၌ ငွေထုတ်ယူမှု များပြားလာကြောင်း၊ ငွေသားထုတ်ယူမှုကိုလည်းကန့်သတ်နေကြောင်း ပုဂ္ဂလိကဘဏ်များမှ အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေကြောင်း၊ ရေးသားဖော်ပြ ပြောဆိုနေတာကိုတွေ့ရပါတယ်။ အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်အနေနဲ့ ပြောပြပေးစေလိုပါတယ်။
ဖြေ ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ ဒီဂျစ်တယ်စီးပွားရေးကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ် ငွေပေးချေမှုကို ပိုမိုအလေးပေးအကောင်အထည်ဖော်နေပြီး၊ ငွေသားစီမံခန့်ခွဲမှု အစီအစဉ်များ အတိုင်း Digital Platform များ တည်ဆောက်ထားပါတယ်။ ဘဏ်များမှ Payment Platform များ တည်ဆောက်လျက်ရှိပြီး၊ လက်ရှိတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတကာငွေပေးချေမှုတွင်လည်း ဘဏ်များမှတစ်ဆင့် ဆောင်ရွက်နိုင်ရေး အလေးပေး ဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ်များအနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ယခင်ကတည်းက အကြိမ်ကြိမ် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဥပမာ – Special Account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်။ ဒါ့အပြင် ငွေပေးချေမှုများ လျင်မြန်စွာ အဆင်ပြေနိုင်စေရန်အတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြစ်သည့် Electronic Card များဖြင့် လည်းကောင်း၊ ဘဏ်များ၏ မိုဘိုင်းလုပ်ငန်းနှင့် Mobile Pay များ၊ Internet ဘဏ်လုပ်ငန်းများ၊ Mobile Wallet များ အသုံးပြု၍ ငွေလွှဲပြောင်းပေးချေမှုများ ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိတွင်လည်း အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားပါတယ်။ ဒါကြောင့် ငွေပေးချေမှုများနှင့် ငွေကြေးလွှဲပြောင်းခြင်းများအတွက် အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ပြီး၊ စိုးရိမ်ပူပန်မှု မရှိကြပါရန် ပြောကြားလိုပါတယ်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် ဤနေရာကို နှိပ်ပါ။
Other Related News

Yoma Bank Core Banking Transformation Program Invitation for Expression of Interest (EOI)

BizSpace Portal
Payroll Portal
Supply Chain Financing