ချေးငွေယူခြင်းဟာ အရေးကြီးတဲ့ ငွေကြေးဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် လုံခြုံမှုနဲ့ ယုံကြည်မှု အပြည့်အဝရှိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းသုံးချေးငွေများကို လုပ်ငန်းလည်ပတ်မှုတွင် အမှန်တကယ်နဲ့ ထိထိရောက်ရောက် ထောက်ပံ့ပေးစေမဲ့နေရာတွေမှာ အသုံးပြုခြင်းဖြင့် မိမိတို့လုပ်ငန်းတိုးတက်၊ ဖွံ့ဖြိုးမှုများကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
ရိုးမဘဏ်က Customer များအတွက် ငွေကြေးအသိပညာတိုးတက်စေရန် ချေးငွေဆိုင်ရာ အသိပညာများကို မျှဝေပေးပါရစေ။
✅ ရိုးမဘဏ်၏ ဘဏ်ခွဲများနှင့်သာ ချိတ်ဆက်ကာ ချေးငွေလျှောက်ထားနိုင်ပါသည်။
✅ ချေးငွေရယူရာတွင် အခကြေးငွေယူပြီး ဝန်ဆောင်မှုပေးသည့် ကြားခံကိုယ်စားလှယ်များ လုံးဝ (လုံးဝ) မရှိပါ။
✅ မိမိ၏ ကိုယ်ရေးအချက်အလက်များ၊ ငွေကြေးဆိုင်ရာအချက်အလက်များကို မည်သည့်ကြားခံနှင့်မျှ မမျှဝေပါနှင့်။
✅ ချေးငွေလျှောက်ထားမှုများအတွက် ဘဏ်၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပြီး သတ်မှတ်ထားသော ချေးငွေလျှောက်ထားမှုဆိုင်ရာ ဝန်ဆောင်ခများမှအပ အခြားအပိုပေးဆောင်ရန်မလိုဘဲ ကိုယ်တိုင် လွယ်ကူစွာ လျှောက်ထားနိုင်ပါသည်။
သံသယဖြစ်ဖွယ်အခြေအနေများ ဖြစ်ပေါ်ပါက Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့မဟုတ် [email protected] သို့ ဆက်သွယ်သတင်းပေးပါ။
ရိုးမဘဏ်အနေဖြင့် လုပ်ငန်းသုံးချေးငွေများကို ထိရောက်စွာအသုံးချနိုင်ရန် ယခုလို ချေးငွေဆိုင်ရာ အသိပညာများ မျှဝေပေးသွားမှာဖြစ်တဲ့အတွက် စောင့်ကြည့်ပေးပါဦးနော်။ ယုံကြည်စိတ်ချရတဲ့ ရိုးမဘဏ်နဲ့အတူ၊ လုံခြုံစိတ်ချရတဲ့ ငွေကြေးဝန်ဆောင်မှုများကို ရယူလိုက်ပါ။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





