သင်္ကြန်နီးပြီဆိုတော့ အွန်လိုင်းပေါ်မှာ ခရီးသွားအစီအစဉ်တွေနဲ့ Online Shopping တွေ များလာတယ်မဟုတ်လား?
မသမာသူတွေက ဒီလိုအချိန်ကို အခွင့်ကောင်းယူပြီး မက်လုံးအမျိုးမျိုးနဲ့လိမ်လည်ဖို့ အမြဲအကွက်ဆင်နေတတ်ပါတယ်။ ဒါကြောင့် သင်္ကြန်ပရိုမိုးရှင်းများနဲ့ကြုံလာပါက ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာ မျှဝေလိုက်ပါရစေ။
၁။ တစ်နှစ်မှ တစ်ခါပဲရမှာမို့ အကုန်ဝယ်မဲ့သူဆိုရင်…
မသမာသူတွေက အရမ်းတန်လွန်းတဲ့လျှော့ဈေးများပေးပြီး မယုံနိုင်စရာမက်လုံးတွေနဲ့ မျှားခေါ်တတ်ပါတယ်။ ဒါကြောင့် ပရိုမိုးရှင်းများ ဝယ်ယူခြင်းမပြုခင် တရားဝင် Facebook Page/ Website အစစ် ဟုတ်၊ မဟုတ် အရင်စစ်ဆေးဖို့ မမေ့ပါနဲ့နော်။
၂။ ဘာမှမဝယ်ဘဲ ငွေစုဖို့ပဲ အာရုံရှိသူဆိုရင်…
သင်္ကြန်ပိတ်ရက်မှာ အပိုမသုံးဘဲ ငွေစုနေပေမဲ့ ကိုယ့်ရဲ့ဘဏ်အကောင့်နဲ့ ကိုယ်ရေးအချက်အလက်များကိုတော့ ဂရုစိုက်ဖို့လိုပါတယ်။ မသမာသူတွေက ဘဏ်ဝန်ထမ်းအနေနဲ့ဆက်သွယ်လာပြီး သင့်ကိုယ်ရေးအချက်အလက်တွေ တောင်းလာနိုင်လို့ ဘယ်တော့မှ မပေးမိဖို့ လိုပါတယ်။
၃။ အလိမ်ခံရဖူးလို့ ဘာဝယ်ဝယ် ပြန်စဉ်းစားတတ်သွားသူဆိုရင်…
ဘာပဲဝယ်ဝယ်၊ ဘယ် Link ကိုနှိပ်ဖို့ပဲဖြစ်ဖြစ် နှစ်ခါပြန်စဉ်းစားတတ်တာက အွန်လိုင်းလိမ်လည်မှုတွေကနေ ကာကွယ်ဖို့ အကောင်းဆုံး အချက်တစ်ခုပါပဲ။
သင်ရော ဒီ (၃) မျိုးထဲမှာ ဘယ်လိုအမျိုးအစားထဲ ပါသလဲဆိုတာ ပြောပြပေးခဲ့ဦးနော်။
Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။
👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness



BizSpace Portal
Payroll Portal
Supply Chain Financing





