ငွေသွင်း၊ ငွေထုတ် အလွယ်ကူဆုံး ပြုလုပ်ဖို့ Yoma Bank Agent Banking

29 January 2026

လုံခြုံလွယ်ကူပြီး စိတ်ချရတဲ့ ရိုးမဘဏ်ရဲ့ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု (Agent Banking Service) များကို ရိုးမဘဏ်ရဲ့ တရားဝင်မိတ်ဖက်အေးဂျင့် (Official Agent Partner) ဖြစ်တဲ့ City Mart Holding Co., Ltd (CMHL) ဆိုင်ခွဲတွေမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှစပြီး စတင်ရယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ဝန်ဆောင်မှုစတင်မိတ်ဆက်ခြင်း အထူးအစီအစဥ်အနေဖြင့် ဝန်ဆောင်မှုရယူသူများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သွားမှာဖြစ်တဲ့အပြင် ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဝန်ဆောင်ခ “အခမဲ့” ဖြင့် ရယူနိုင်မှာဖြစ်ပါတယ်။

ရိုးမဘဏ်ရဲ့ ကိုယ်စားလှယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု (Agent Banking Service) များကို အောက်ဖော်ပြပါ ဆိုင်ခွဲတွေမှာ အလွယ်တကူရယူနိုင်ပါပြီ။


၁) Ocean Supercenter (North Point)
၂) Marketplace by City Mart (Golden Valley Branch)
၃) Marketplace by City Mart (6.5 Mile Branch)