မေးမယ် ဖြေမယ် မျှဝေမယ်

29 August 2026

မေးမယ်…

အွန်လိုင်းကနေ Account Statement ထုတ်လို့ရလား။

ဖြေမယ်…

ဘဏ်ခွဲသို့ သွားရောက်စရာမလိုဘဲ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻  မှတစ်ဆင့် Account Statement ကို အလွယ်တကူ ရယူနိုင်ပါတယ်။

မျှဝေမယ်…

Bank Statement ရယူရန်အတွက် —

၁။ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ Home Page မှ “Accounts” ထဲသို့ ဝင်ပါ။

၂။ Account Statement ရယူလိုတဲ့ အကောင့်ကို ရွေးချယ်ပါ။

၃။ Account Overview ထဲရှိ “ACCOUNT STATEMENT” ကို နှိပ်ပါ။

၄။ မိမိလိုချင်တဲ့ အချိန်ကာလကို ရွေးချယ်ပြီး Account Statement PDF File ကို Download ရယူလိုက်ပါ။

📌 မှတ်ချက် – Account Statement ကို တစ်လချင်းစီအလိုက်သာ Download ရယူနိုင်ပါတယ်။

နေ့စဉ်ဘဏ်လုပ်ငန်းတွေကို ပိုမိုလွယ်ကူစွာ စီမံနိုင်ဖို့ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 နဲ့အတူ ဒီကို ရယူလိုက်ပါ။

ရိုးမဘဏ်က Customer တွေ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် စနေနေ့တိုင်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ သင့်မှာ မေးချင်တဲ့ မေးခွန်းတွေရှိရင်လဲ ဒီပိုစ့်အောက်မှာ ကောမန့်ရေးခဲ့ပေးပါဦးနော်။

သင့်ရဲ့ မေးခွန်းတိုင်းကို နားထောင်ပေးဖို့၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့နဲ့ အခက်အခဲတိုင်းကို အတူဖြေရှင်းပေးဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။

#YomaBank #မေးမယ်ဖြေမယ်မျှဝေမယ် #TogetherWithYomaBank