မေးမယ် …
ဘဏ်အကောင့်ကို အသုံးမပြုတာကြာရင် Inactive ဖြစ်တာမျိုးရှိလား။
ဖြေမယ် …
ငွေသွင်း/ငွေထုတ် ပုံမှန် အသုံးမပြုတာမျိုးရှိရင်တော့ Inactive ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။
မျှဝေမယ် …
ဘဏ်အကောင့်ကို Active ဖြစ်နေစေဖို့အတွက် အောက်ပါ ငွေကြေးလုပ်ဆောင်ချက်တွေထဲက တစ်ခုခုကို အနည်းဆုံး တစ်ကြိမ် ပြုလုပ်ထားရန် လိုအပ်ပါတယ်။
✅ ငွေသွင်း / ငွေထုတ်ခြင်း
✅ ငွေလွှဲပြောင်းခြင်း
✅ ငွေပေးချေခြင်း
မိမိဘဏ်အကောင့်ကို ပုံမှန်အသုံးပြုပြီး Active ဖြစ်နေအောင် ထိန်းသိမ်းထားခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို အဆင်ပြေစွာ ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ရိုးမဘဏ်က Customer တွေ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် စနေနေ့တိုင်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။
သင့်ရဲ့ မေးခွန်းတိုင်းကို နားထောင်ပေးဖို့၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့နဲ့ အခက်အခဲတိုင်းကို အတူဖြေရှင်းပေးဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။
#YomaBank #မေးမယ်ဖြေမယ်မျှဝေမယ် #TogetherWithYomaBank



BizSpace Portal
Payroll Portal
Supply Chain Financing





