သတိပြုကာကွယ် မသမာသူများရဲ့ လိမ်လှည်လှည့်ဖြားမှု အန္တရာယ်

1 September 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ခုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဌာနအတွင်း၌ အသိပညာပေးဖြန့်ဝေခဲ့ခြင်း ပြုလုပ်ခဲ့ပါသည်။ ဖြန့်ဝေခဲ့သည့်လင့်ခ် (လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ၂ ခုအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဌာနအတွင်း၌ အသိပညာပေးဖြန့်ဝေခဲ့ခြင်း | Central Bank of Myanmar)

ယခုအခါ မသမာသူများသည် နည်းပညာ တိုးတတ်လာသည်နှင့်အမျှ လူမှုကွန်ယက် ဆက်သွယ်ရေးလမ်းကြောင်း (Social Media) များမှတစ်ဆင့် လိမ်လည်မှုနည်းလမ်းပေါင်းစုံကို အသုံးပြု၍ လိမ်လည်မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့လိမ်လည်မှုများကို ကာကွယ်ရန်အတွက် အသိပညာပေး နည်းလမ်းများကို လန်ချန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေး လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို (၁) နှင့် (၂) အား ရိုးမဘဏ်အနေဖြင့် ထပ်ဆင့် မျှဝေပေးလိုက်ပါသည်။

မသမာသူများသည် ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဘဏ်စာရင်းဆိုင်ရာ အချက်အလက်များကိုရယူရန် နည်းလမ်းမျိုးစုံကို အသုံးပြုလျက်ရှိပါသည်။ ထိုသို့သောလိမ်လည်လှည့်ဖြားမှုနည်းလမ်းများကို သိရှိကာ လိမ်လည်မှုများမှ ကြိုတင်ကာကွယ်နိုင်စေရန် အောက်ပါအချက်များကို မျှဝေပေးလိုက်ပါသည်။

အတုအယောင် အက်ပ် သို့မဟုတ် လင့်ခ် (Fake App or Fake Link) များမှတစ်ဆင့် အချက်အလက်ရယူပြီး ငွေကြေးလိမ်လည်ခြင်း

  • မသမာသူများသည် SMS နှင့် Social Media များတွင် အရင်းအမြစ်မခိုင်လုံသော လင့်ခ် များ ၊ Application အတုများကို နည်းလမ်းပေါင်းစုံအသုံးပြုကာ ဒေါင်းလုပ်ခ် (Download) ပြုလုပ်ခိုင်း၍ ငွေကြေးလိမ်လည်မှုများ ပြုလုပ်တတ်ကြပါသည်။

ဝန်ထမ်းအယောင်ဆောင်ပြီး ငွေကြေးလိမ်လည်ခြင်း

  • ဝန်ထမ်းဟု ဟန်ဆောင်ကာ ဖုန်းခေါ်ဆိုခြင်း၊ SMS နှင့် Email များဖြင့် ဆက်သွယ်ကာ One-Time Password (OTP) (သို့မဟုတ်) ကိုယ်ရေးကိုယ်တာအချက်အလက်များ တောင်းခံကာ ငွေကြေးများရယူရန် ကြိုးပမ်းကြပါသည်။

 အခြေအမြစ်မရှိသောသတင်းတုများ ဖန်တီး၍ငွေကြေးလိမ်လည်ခြင်း

  • မသမာသောရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သော သတင်းအတုများဖန်တီးကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်တတ်ကြပါသည်။ မသင်္ကာဖွယ်သတင်းတွေ့ရှိပါက သတင်းရင်းမြစ် တရားဝင် ဖြစ်/မဖြစ် ကို အရင်ဆုံးအတည်ပြုရန် အရေးကြီးပါသည်။

အထက်ပါအချက်များကို သိရှိနားလည်ပြီး မသမာသူများထံမှ လိမ်လည်ခြင်းမခံရစေရန် Scam Awareness ဆိုင်ရာ အသိပညာဗဟုသုတများကို Yoma Bank Facebook Page နှင့် Yoma Bank Website တို့တွင် မျှဝေပေးသွားမှာဖြစ်ပြီး မည်သည့်အချိန်တွင်မဆို သံသယဖြစ်ဖွယ်အခြေအနေများ ကြုံတွေ့ရပါက 24/7 ဆက်သွယ်နိုင်သည့် ရိုးမဘဏ်၏ Customer Care Center ၉၆၆၂ (သို့မဟုတ်) ၀၉ ၇၉၆ ၆၂၉ ၆၆၂ သို့ ချက်ချင်းဆက်သွယ်နိုင်ပါသည်။