မြန်မာ့နှစ်ကူးအတာသင်္ကြန်ကာလအတွင်း ရိုးမဘဏ် Customer များအတွက် ဘဏ်ဝန်ဆောင်မှုများကို အောက်ပါအစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။
✅ မဖြစ်မနေ လိုအပ်သည့် ဘဏ်ခွဲဝန်ဆောင်မှုများရှိပါက အတာသင်္ကြန်ကာလ (၁၃)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ဘဏ်ခွဲနှင့် မန္တလေးမြို့ မဟာနွယ်စဥ် ၃၅ လမ်းဘဏ်ခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားပါမည်။
✅ (၂၄)နာရီပတ်လုံး နေ့စဉ် ဒီဂျစ်တယ် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို
– ရိုးမဘဏ် Customer များအနေဖြင့် 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 မှတစ်ဆင့်သော်လည်းကောင်း၊
– လုပ်ငန်းရှင်များအနေဖြင့် BizSpace Portal မှတစ်ဆင့်သော်လည်းကောင်း ပုံမှန်အတိုင်း ဆောင်ရွက်နိုင်ပါသည်။
✅ ရိုးမဘဏ် Customer များ ငွေသားထုတ်ယူမှု အဆင်ပြေချောမွေ့စေရန် ATM စက်များတွင် ငွေသားပြတ်လပ်မှု မရှိအောင် စီမံဆောင်ရွက်ထားရှိပါသည်။
✅ အခက်အခဲတစ်စုံတစ်ရာရှိပါက Yoma Bank 24/7 Customer Care Center သို့ (၂၄)နာရီ (၇)ရက်ပတ်လုံး ပိတ်ရက်မရှိ 9662 (သို့မဟုတ်) 09 7 9662 9662 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





