Yoma Bank သည် အပ်ငွေစာရင်းများ (Deposits Accounts)၊ စာရင်းသေ (Dormant Account) နှင့် အပ်ငွေအသွင်း/အထုတ်ပြုလုပ်ခြင်းမရှိသောစာရင်းများ (Inactive Accounts) ဆိုင်ရာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ပြင်ဆင်သတ်မှတ််ထားပါကြောင်း အသိပေးအပ်ပါသည်။
အသစ်မွန်းမံပြင်ဆင်ထားသော စည်းကမ်းချက်များသည် လူကြီးမင်းတို့၏ ဘဏ်စာရင်းများကို ပိုမိုစနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန်ရည်ရွယ်ပြီး လုံခြုံမှုနှင့် စာရင်းရှင်းလင်းမှု ပိုမိုတိုးတက်စေရန်အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။
စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အသစ်များအကြောင်း သိရှိရန်-
Yoma Bank ၏ စည်းမျဉ်းသတ်မှတ်ချက်အသစ်များနှင့် ပတ်သက်၍ ထပ်မံမေးမြန်းလိုပါက Yoma Bank ၏ ဘဏ်ခွဲများတွင် လူကိုယ်တိုင်လာရောက်မေးမြန်းနိုင်သလို၊ Yoma Bank Customer Care Center – 9662 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Yoma Bank ကို အစဉ်အမြဲယုံကြည်စွာ အသုံးပြုပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။